Thursday, June 13, 2019

လ၀က၀န်ထမ်းခုနစ်ဦးကို အဂတိတိုက်ဖျက်မှုဖြင့် အမှုဖွင့်

နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်ခြင်း၊ အိမ်ထောင်စု   ဇယားပြုလုပ်ခြင်းနှင့် မွေးတိုးစာ ရင်းပြုလုပ်ခြင်းတို့တွင် ငွေကြေး တောင်းခံသော  လားရှိုးမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင် အားဆိုင်ရာ ဦးစီးမှူးအပါအ၀င် ဝန်ထမ်းခုနစ် ဦးနှင့် ပူးပေါင်းပါဝင်သူတစ်ဦး စုစုပေါင်းရှစ်ဦးကို အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အ မှုဖွင့်အရေးယူထားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လားရှိုး  မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီး မှူးဦးကျော်ကျော်လင်းသည် နိုင် ငံသားစိစစ်ရေးကတ်ပြားပြုလုပ် ရန်၊ မွေးတိုးပြုလုပ်ရန်နှင့်အ သက် (၁၈) နှစ်ပြည့်နိုင်ငံသားစိ စစ်ရေးကတ်ပြားပြုလုပ်ရန်တို့အ တွက် ကျပ် ၁၂ သိန်းကျော်တောင်း ခံခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ယ မန်နေ့တွင် ထုတ်ပြန်သည်။

ဒုတိယလူဝင်မှုကြီးကြပ်ရေး မှူးဒေါ်ကြည်ကြည်ညွန့်က နိုင်ငံ သားစိစစ်ရေးကတ်ပြားပြုလုပ်ရန် ကျပ် ၁၀ သိန်း၊ ဒုတိယလူဝင်မှုကြီး ကြပ်ရေးမှူး ဦးရန်ဝင်းအောင်က နိုင်ငံသားစိစစ်ရေး ကတ်ပြားလဲ လှယ်ရန် ကျပ် ၁၅ သိန်း၊ လက် ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးထက်ဝင့် အောင်ကအိမ်ထောင် စုစာရင်း ပြုလုပ်ရန်နှင့်နိုင်ငံသား စိစစ်ရေး ကတ်ပြားပြုလုပ်ရန် ကျပ် ၂၁ သိန်းနှင့် အကျိုးဆောင်  အဖြစ် ဆောင်ရွက်သူဒေါ်မာ ရှောက်ဆန်းထံမှ နိုင်ငံသားစိစစ် ရေးကတ်ပြား ၁၀ ခုပြုလုပ်ပေး ခြင်းအတွက် ကျပ်ငါးသိန်းနှင့် မွေးတိုးပြုလုပ်ခြင်းအတွက် ကျပ် ခြောက်သိန်းကျော် တောင်းခံရယူ ခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဆို သည်။

ထို့အပြင် လက်ထောက်လူ ၀င်မှုကြီးကြပ်ရေးမှူး ဒေါ်အိအိ မွန်အောင်က အိမ်ထောင်စုစာ ရင်းပြုလုပ်ခြင်း၊ မွေးတိုးပြုလုပ် ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြားပြုလုပ်ခြင်းတို့အတွက် ကျပ် ၁၄ သိန်း၊ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်ခင်မေထွန်း က အိမ်ထောင်စုစာရင်းအမည်  ပြင်ဆင်ခြင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြား ပြုလုပ်ခြင်းတို့အ တွက် ကျပ်ကိုးသိန်း တောင်းခံရ ယူခဲ့သည်ဟု ထုတ်ပြန်သည်။

လက်ထောက်လူဝင်မှုကြီး ကြပ်ရေးမှူး ဦးကျော်သူဟိန်းက မြို့နယ်ဦးစီးမှူး ဦးကျော်ကျော် လင်းအိမ်ထောင်စုခွဲခြင်း၊ မွေး တိုးပြုလုပ်ခြင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားပြုလုပ်ခြင်းတို့အ တွက် တောင်းခံထားသည့် ကျပ်  ၁၂ သိန်းကျော်ကို လက်ခံရယူ ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ၁၀ ခုပြုလုပ်ခြင်းအ တွက် ဒေါ်မာရှောက်ဆန်းက ဦး     ထက်ဝင့်အောင်ထံမှ ကျပ် တစ် သိန်းလက်ခံရယူခဲ့ကြောင်း စစ် ဆေးပေါ်ပေါက်သည်ဟု ထုတ်  ပြန်ချက်ကဆိုသည်။ ဦးကျော်ကျော်လင်း၊ ဒေါ် ကြည်ကြည်ညွန့်၊ ဦးရန်ဝင်း အောင်၊  ဦးထက်ဝင့်အောင်၊ ဒေါ် အိအိမွန်အောင်နှင့် ဒေါ်ခင်မေ ထွန်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ ဦးကျော်သူ ဟိန်းနှင့် ဒေါ်မာရှောက်ဆန်းတို့ ကို အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေပုဒ်မ  ၅၆/၆၃ အရ လည်းကောင်း လားရှိုးမြို့မရဲ စခန်းတွင် တရားစွဲဆိုထားသည်။

No comments:

Post a Comment