Thursday, June 13, 2019

သိုလှောင်ထားသော ဒေါ်လာသန်း ၃၀ဝ တန်ဖိုးရှိ ဆင်စွယ်များအား ရောင်းချခွင့်ရရန် ဇင်ဘာဘွေတောင်းဆို

ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရန်ပုံငွေ ရှိစေရေးအတွက် သိုလှောင်သိမ်းဆည်းထားသည့် ဆင်စွယ်များအား ရောင်းထုတ်ခွင့်ပြုရန် ဇင်ဘာဘွေက တောင်းဆိုခဲ့ကြောင်း တောရိုင်းတိရစ္ဆာန် အာဏာပိုင်များက ဇွန် ၁၁ ရက်တွင် ပြောကြားခဲ့သည်။  ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ဆင်စွယ်ရောင်းချမှု ပိတ်ပင်ထားခြင်းကို ဖြေလျှော့ပေးရန် တောင်းဆိုနေသည့် တောင်အာဖရိကနိုင်ငံများထဲတွင် ဇင်ဘာဘွေလည်း ပါဝင်လာပြီဖြစ်သည်။
ငွေကြေးပြတ်လပ်နေသည့် ဇင်ဘာဘွေနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ သိုလှောင်သိမ်းဆည်းလာသည့် ဆင်စွယ်တန်ဖိုးမှာ ဒေါ်လာ သန်း ၃၀ဝ ဝန်းကျင် ခန့်မှန်းခြေရှိကြောင်း ဇင်ဘာဘွေ တောရိုင်းတိရိစ္ဆာန် အာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။ ယင်းတို့အားရောင်းချပြီး ရရှိလာမည့်ငွေများသည် တိရစ္ဆာန်ထိန်းသိမ်းရေးတွင် လိုအပ်သည့် ဟာကွက်များအား ဖြည့်တင်းပေးနိုင်သည်ဟု ゞင်းတို့က ဆိုကြသည်။

တောင်အာဖရိကနိုင်ငံများ၏ တောင်းဆိုချက်သည် ဆင်များ သတ်ဖြတ်ခံရခြင်းကို ဟန့်တားရန် ဆင်စွယ်ရောင်းချမှုအား ပိတ်ပင်ထားသည့် အပြည်ပြည်ဆိုင်ရာ မျိုးသုဉ်းအန္တရာယ်ရှိ မျိုးစိတ်များ သဘောတူညီချက် CITES ၏ ဦးတည်ချက်လမ်းစဉ်နှင့် ကွဲလွဲနေသည်။ ဇင်ဘာဘွေ၊ ဘော့ဆွာနာ၊ နမ်မီဘီးယား၊ ဇမ်ဘီယာနိုင်ငံတို့ကမူ တစ်ချို့ဒေသများတွင် ဆင်ကောင်ရေ ပြန်လည်မြင့်တက်လာခြင်းကို ထောက်ပြပြီး ဖြေလျှော့မှု အချို့လုပ်ပေးရန် တောင်းဆိုကြသည်။ ဇင်ဘာဘွေနိုင်ငံတွင် ဆင်ကောင်ရေ ၈၄၀ဝ၀ ဝန်းကျင်ရှိပြီး ယင်းသည် ဇင်ဘာဘွေဘက်မှ စီမံထိန်းသိမ်းနိုင်စွမ်း၏ နှစ်ဆကျော်ဖြစ်နေသည်။

No comments:

Post a Comment