Tuesday, June 11, 2019

စစ်ကိုင်းတောင်ရိုးလမ်းတစ်လျှောက်ရှိ လမ်းဘေးကျူးကျော်ဆိုင်များကို ဖယ်ရှားမည်

 စစ်ကိုင်းတောင်သွား လမ်းတစ်လျှောက်ရှိ အမာခံဆောက်လုပ်ထားသော လမ်းဘေးကျူးကျော်ဆိုင်များ ဖယ်ရှားမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောသည်။ စစ်ကိုင်းတောင်ရိုး လမ်းတစ်လျှောက် လမ်းဘေးကျူးကျော် ဆိုင်ခန်း ၃၀ ခန့်ရှိရာ ဧပြီ ၉ ရက်နောက်ဆုံးထား ဖျက်သိမ်းပေးရန် ကျူးကျော်ဆိုင်ရှင်များကို သတိပေးအကြောင်းစာ ထုတ်ထား သည်။ ‘‘စစ်ကိုင်းတောင်ရိုး လမ်း တစ်လျှောက်က နိုင်ငံခြားသား ခရီးသွားတွေ အမြဲသွားလာနေတဲ့လမ်းဖြစ်တယ်။ အမာခံ အဆောက်အအုံတွေဆောက် ဈေးရောင်းချပြီး လမ်းဘေး ၀ဲ၊ ယာရုပ်ဆိုးအကျည်းတန်စေလို့ ဖျက်သိမ်းမှာ’’ဟု ဦးဝင်းနိုင်က ပြော သည်။


လက်ရှိ ဖျက်သိမ်းခြင်းမရှိ သော ဆိုင်ရှင်များကို သတိပေး အကြောင်းကြားစာ နှစ်ကြိမ်ထပ် မံပေးပို့မည်ဖြစ်ပြီး ဖျက်သိမ်းခြင်း မရှိပါက စည်ပင်သာယာဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘ကျွန်တော် လမ်းဘေးဈေး ရောင်းချသူတွေနဲ့ ပတ်သက်ပြီး မြို့တော်ခန်းမမှာ ခေါ်ယူအသိ ပေးထားပြီးသားပါ။ ဈေးမရောင်း ရဘူး ပြောတာမဟုတ်ဘူး။ မိုး ကာထီးလေးတွေနဲ့ ရောင်း၊ ဆိုင် သိမ်းရင် ပြန်ဖြုတ်သွားလိုက်။ အခုက အဆောက်အအုံတွေ လုပ်ပြီးတော့ကို ရောင်းတာ’’ဟု ဦးဝင်းနိုင်ကပြောသည်။ စစ်ကိုင်းမြို့နယ် စည်ပင်သာယာ နယ်နိမိတ်ရှိ အဓိကလမ်းမ များပေါ်၌ ထိုကဲ့သို့ အခိုင်အမာ ဆောက်လုပ်ထားသော လမ်းဘေး ကျူးကျော်ဆိုင်ခန်းများကို ဖယ်ရှားမည်ဖြစ်ပြီး စစ်ကိုင်း တောင်သို့ သွားလမ်းကို ရှင်းလင်းပြီးပါက တာရိုးတစ်လျှောက် ဆက်လက်ဖယ်ရှားရှင်းလင်းမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

No comments:

Post a Comment