Tuesday, June 11, 2019

အရောင်းအဝယ် လုပ်ငန်းများကို ဥပဒေဘောင်အတွင်း ယှဉ်ပြိုင်ရန် စီးပွားကူးသန်းဝန်ကြီး တိုက်တွန်း

 မြန်မာနိုင်ငံယှဉ် ပြိုင်မှု ကော်မရှင်သည် ဥပဒေ ဖောက်ဖျက်မှုကို ဖော်ထုတ်အရေး ယူမည်ဖြစ်၍ လုပ်ငန်းရှင်များက ရောင်းဝယ်ဖောက်ကားခြင်းလုပ် ငန်းများကို သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ ယှဉ်ပြိုင်ရန် လို အပ်ကြောင်း ယင်းကော်မရှင် ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာသန်း မြင့်က ပြောကြားသည်။ ‘‘ယှဉ်ပြိုင်မှုကော်မရှင်အနေ နဲ့ လွတ်လပ်စွာ မျှတတဲ့ ပတ်ဝန်း ကျင်ကောင်းတစ်ခု ဖန်တီးရန်လို အပ်သလို ပြည်သူလူထုနဲ့အတူ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့အတူ ယှဉ်ပြိုင်မှုဥပဒေနဲ့အညီ ဆောင် ရွက်ဖို့လိုပါတယ်။ အထူးသဖြင့် လုပ်ငန်းရှင်များအနေနဲ့ သတ်မှတ်တဲ့ ဥပဒေဘောင်ထဲက မိမိတို့ ရောင်းဝယ်ဖောက်ကားတဲ့ လုပ် ငန်းများကို ဥပဒေနဲ့အညီ ယှဉ်ပြိုင်ဖို့ လိုအပ်ပါတယ်’’ဟု ဒေါက်တာ သန်းမြင့်က ဆိုသည်။



ဇွန်လ ၁၀ ရက်က နေပြည် တော် သင်္ဂဟဟိုတယ်၌ ကျင်းပ သော မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော် မရှင်မိတ်ဆက်ပွဲအခမ်းအနား တွင် မိန့်ခွန်းပြောရာ ပြည်ထောင် စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားသည်။

စီးပွားရေးလုပ်ငန်းလုပ်ကိုင် နေသူများသည် မိမိတို့အကျိုးစီး ပွား၊ စားသုံးသူ အကျိုးစီးပွား၊ ထုတ်လုပ်သူ အကျိုးစီးပွားနှင့် တိုင်းပြည်အကျိုးစီးပွားအတွက် လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ရာ တွင် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ယှဉ်ပြိုင်မှသာ အားလုံးအတွက် အကျိုးရှိမည် ဖြစ် ကြောင်း ၎င်းက ပြောသည်။

နိုင်ငံ၏တိုးတက်မှုလုပ်ငန်း များတွင် လုပ်ငန်းရှင်များ၏အခန်း ကဏ္ဍက လွန်စွာအရေးကြီးသကဲ့ သို့ လွတ်လပ်စွာ ယှဉ်ပြိုင်ခြင်းက အရေးကြီးသည့် ကဏ္ဍတစ်ခုမှ ပါဝင်ကြောင်း ဝန်ကြီးက ဆိုသည်။ ‘‘ဒါကြောင့် ယှဉ်ပြိုင်မှုကော် မရှင်အနေနဲ့ စီးပွားရေးလုပ်ငန်း တွေနဲ့ ယှဉ်ပြိုင်မှု၊ လေးစားလိုက် နာမှု အားကောင်းစေရေးအတွက် စီမံဆောင်ရွက်ဖို့ လိုသလို စီးပွား ရေး လုပ်ငန်းရှင်များဘက်က လည်း ယှဉ်ပြိုင်မှုဥပဒေကို လေး လေးစားစားနဲ့ လိုက်နာဆောင် ရွက်ဖို့ လိုအပ်ပါတယ်’’ဟု ဒေါက် တာသန်းမြင့်က ပြောသည်။

ထို့ပြင် သတ်မှတ်ထုတ်ပြန် ထားသည့်ဥပဒေများတွင် အကာ အကွယ်ပေးခြင်း၊ ပညာပေးခြင်း၊ အရေးယူခြင်းများ ပါဝင်သကဲ့သို့ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဥပဒေများရှိကြောင်း ၎င်းက ပြော ကြားသည်။

ယင်းဥပဒေကို နိုင်ငံတကာ တွင် ကျင့်သုံးဆောင်ရွက်နေပြီဖြစ် ကြောင်း ကော်မရှင်ဒုဥက္ကဋ္ဌ၊ ဥပ ဒေပညာရှင် ဦးသန်းမောင်က ပြောသည်။

‘‘အဓိကကတော့ ဒီဟာသည် မတရားသဖြင့် ယှဉ်ပြိုင်တာက ဘာလဲ၊ တရားသဖြင့် ယှဉ်ပြိုင် တာက ဘာလဲဆိုတာ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေလည်း ရှိတယ်။ အဲဒီဟာတွေကို အများပြည်သူက အကောင်အထည်ဖော်ရမှာ။ ကျွန် တော်တို့က တိုင်ကြားလာတာတို့၊ ကျွန်တော်တို့သတင်းရရှိတာတို့၊ ကျွန်တော်တို့ကို သတင်းပေးတာ တို့ကို လိုအပ်သလို လျှို့ဝှက်ပြီး တော့ ထိန်းသိမ်းပြီး စုံစမ်းစစ်ဆေး မယ်။ ပြီးရင် ဈေးကွက်မှာ အဲဒီလို မတော်မတရားဖြစ်တာကို အမိန့် ကြော်ငြာစာထုတ်ကောင်းထုတ် မယ်။ အရေးယူကောင်းအရေးယူ မယ်။ အရေးယူတာမှာလည်း စီမံ ခန့်ခွဲရေးနည်းလမ်းအရ အရေးယူ ကောင်းယူမယ်။ တရားစွဲပြီးတော့ အရေးယူကောင်းယူရမှာပေါ့’’ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေ ကို ၂၀၁၅ ဖေဖော်ဝါရီ ၂၄ ရက် တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၉) ဖြင့် ပြဋ္ဌာန်းပြီး ၂၀၁၇ ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်အာဏာသက်ဝင်ကာ ယှဉ်ပြိုင်မှုနည်းဥပဒေများကို ၂၀၁၇ အောက်တိုဘာ ၉ ရက်တွင် ပြဋ္ဌာန်းခဲ့ကြောင်း ကော်မရှင် ထုတ်ပြန် ချက်၌ ဖော်ပြသည်။

ဥပဒေပါ တားမြစ်ချက်များ ကို ဖောက်ဖျက်ပါက ငွေဒဏ် အမြင့်ဆုံး ကျပ်တစ်သိန်းမှ ကျပ် သိန်း ၁၅၀ အထိဖြစ်စေ၊ ထောင် ဒဏ်အနည်းဆုံး သုံးလမှ အများ ဆုံး သုံးနှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရနိုင် ကြောင်း ဦးသန်းမောင်က ပြော သည်။

ယင်းသို့ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို ဖောက်ဖျက်မှု များရှိပါက သတိပေးခြင်း၊ ဒဏ်ကြေးငွေပေးဆောင်စေခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်းကို ယာယီ(သို့မဟုတ်)အမြဲတမ်း ပိတ်သိမ်း ခြင်း ခံရနိုင်မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။


မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော် မရှင်ကို ၂၀၁၈ အောက်တိုဘာ ၃၁ ရက်က အဖွဲ့ဝင် ၁၁ ဦးဖြင့် စတင်ဖွဲ့စည်းပြီး ကော်မရှင်ဥက္ကဋ္ဌ အဖြစ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၊ အတွင်းရေးမှူး အဖြစ် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ ပါဝင် ဆောင်ရွက်မည်ဖြစ်သည်။

No comments:

Post a Comment