Tuesday, June 11, 2019

စစ်ရေးတည်ငြိမ်မှု တိုးတက်သော်လည်း နိုင်ငံရေးဆွေးနွေးမှု တိုးတက်မှုမရှိဟု KIA ပြော KIA အဖွဲ့ NCA တွင် ပါဝင်ရေး အားပေးရန် ကချင်ပြည်သူများကို တပ်မတော်တာဝန်ရှိသူ တိုက်တွန်း

 တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့(KIA) အ ကြား တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့သည့် ရှစ်နှစ်ကာလအတွင်း လက်ရှိအခြေအနေသည် စစ်ရေး ပိုင်း၌ တိုးတက်မှုရှိသော်လည်း နိုင်ငံရေးဆွေးနွေးမှုတွင် တိုးတက် မှုမရှိသေးကြောင်း KIA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။ တပ်မတော်နှင့် KIA အကြား ၂၀၁၁ က စတင်ဖြစ်ပွားသည့် တစ်ကျော့ပြန်စစ်ပွဲသည် ဇွန်လ ၉ ရက်တွင် ရှစ်နှစ်ပြည့်မြောက်ပြီး ရှစ်နှစ်ပြည့်ကာလ စစ်ရေး၊နိုင်ငံရေးအခြေအနေကို မေးမြန်းစဉ် KIA ပြောရေးဆိုခွင့်ရှိသူက အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးရရှိရေး လိုလားကြောင်း၊ စစ်ပွဲများ ရပ်ဆိုင်းရန် တပ်မတော်အပေါ် အဓိက မူတည်ကြောင်း ၎င်းကဆို သည်။



‘‘တိုက်ပွဲမဖြစ်ဘူးဆိုတာက တော့ စစ်ရေးနဲ့ပတ်သက်လို့ တိုး တက်မှုဖြစ်တာပေါ့။ ဒါပေမဲ့ နိုင်ငံ ရေးဘက်က ပြောမယ်ဆိုရင် ဘာ မှ မဆွေးနွေးနိုင်ဘူး။ ဘာမှမဆွေး နွေးနိုင်ဘူးဆိုတော့ နိုင်ငံရေးဘက် က ဘာမှတိုးတက်မှုမရှိဘူးပြော ချင်တာပေါ့’’ဟု ဗိုလ်မှူးကြီးနော် ဘူကပြောသည်။

တပ်မတော် သတင်းမှန်ပြန် ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လက်ရှိအခြေအနေသည် ကချင် ပြည်နယ်၌ တပ်မတော်နှင့် KIA အကြား တိုက်ပွဲဖြစ်ပွားမှု မရှိသ လောက် နည်းပါးကြောင်း၊ အပစ် ရပ်ကာလအတွင်း စစ်ဘေးရှောင် များ နေရပ်ပြန်နိုင်ရေးနှင့် ဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေး ရန် အစိုးရနှင့် ပူးပေါင်းဆောင် ရွက်နေကြောင်း ပြောကြားသည်။

 ‘‘အဓိကလိုအပ်တာက ဒီ လုပ်ငန်းစဉ်အပေါ်မှာ ပိုမိုတိုး တက်မှုရရှိစေရေး နယ်မြေခံပြည် သူလူထုနဲ့ တိုင်းရင်းသားအဖွဲ့ တွေအနေနဲ့က ပထမအချက်က တော့ KIA အဖွဲ့ကို ထာဝရငြိမ်း ချမ်းရေးရရှိစေမယ့်၊ ရေရှည်တည် တံ့ခိုင်မြဲစေမယ့် လမ်းကြောင်း ပေါ်ကို လျှောက်လှမ်းလာဖို့အ တွက် အားပေးဖို့ပေါ့နော်။ ဒုတိ ယအချက်အနေနဲ့ကလည်း ငြိမ်းချမ်းရေးရေရှည်တည်တံ့ခိုင်မြဲနိုင် မယ့်လုပ်ငန်းစဉ်မှာ ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်လာဖို့ လိုတယ်လို့ ပြောလိုပါတယ်’’ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ NCA တွင် ပါဝင်မှသာငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရေရှည်တည်တံ့ခိုင်မြဲမည်ဟု ၎င်းကဆို သည်။

ယင်းနှင့်ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ‘‘မြန်မာနိုင်ငံရဲ့ နိုင်ငံ ရေးဆွေးနွေးဖို့ ဆိုတာကတော့ သူတို့ပြောလာတာက NCA လမ်း ကြောင်းတစ်ကြောင်းပဲရှိတယ်လို့ ပြောလာတာပေါ့။ ဒါပေမဲ့ အဲဒီ NCA လမ်းကြောင်းကို လက်မှတ် ထိုးနိုင်ဖို့အတွက်ကတော့ NCA မှာ လိုအပ်နေတဲ့ အချက်အလက် တွေ၊ မပြည့်စုံသေးတာတွေကို ပြန်ပြီးမှ ဖြည့်စွက်ဖို့၊ မွမ်းမံဖို့ လိုပါသေးတယ်။ အဲဒါလုပ်လို့ရှိရင်လက်မှတ်ထိုးလို့ရမှာပါ။ အဲဒါမလုပ်လို့ရှိရင် နိုင်ငံရေးဆွေးနွေးတဲ့ လမ်းကြောင်းကတော့ သိပ်ရှေ့ဆက်သွားဖို့ နည်းနည်းအဆင်မပြေဘူးလို့ ပြောချင်တယ်’’ဟုဆိုသည်။

လက်ရှိတွင် KIA အပါအ၀င် မြောက်ပိုင်းလက်နက်ကိုင် လေး ဖွဲ့နှင့် အပစ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးနိုင်ရန် ဆွေးနွေးညှိ နှိုင်းနေသည်။ ဧပြီ ၃၀ ရက်က ကျင်းပခဲ့သည့် မူဆယ်အပစ်ရပ် စဲရေးဆွေးနွေးပွဲတွင် နှစ်ဖက်အ ကြား bilateral အပစ်ရပ်စာချုပ် ရရှိရေး မေလတွင် ဆက်လက်ညှိနှိုင်းရန် သဘောတူခဲ့သော်လည်း ဆွေးနွေးပွဲကျင်းပမည့်နေရာ ညှိနှိုင်းမရ၍ ယခုအချိန်ထိ ဆွေးနွေးပွဲ မကျင်းပနိုင်သေးပေ။

‘‘နေရာနဲ့ပတ်သက်ပြီး ပြော ဆိုနေတာ AA အဖွဲ့ပဲ။ လုံခြုံရေး ကိစ္စနဲ့ အကြောင်းပြတဲ့အတွက် ကြောင့်မို့လို့ လုံခြုံရေးအာမခံ ချက် တပ်မတော်အနေနဲ့ ပေး ပြီးပြီ။ ပြီးရင် အစိုးရအဖွဲ့၊ အမျိုး သား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အနေနဲ့ ပေးပြီးပြီ’’ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။

 ယခင်က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများတွင်လည်း လုံခြုံရေး ကျိုးပေါက်ခဲ့ခြင်းမရှိ ကြောင်း ၎င်းကဆိုသည်။ ‘‘ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာ လောပြီး ဆောင်ရွက်လို့ လည်းမရဘူး။ အချိန်နောက်ကျပြီးမှ ဆောင်ရွက်လို့လည်း မကောင်းပါဘူး။ အချိန်အကြာကြီးဆွဲထားလို့လည်း မကောင်းပါ ဘူး။ အချိန်အကြာကြီး ဆွဲထားလို့ရှိရင် ဘေးပယောဂတွေ ပိုပြီး ၀င်ရောက်လာပြီး ပိုမိုခက်ခဲလာတတ်ပါတယ်’’ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောသည်။

No comments:

Post a Comment