Tuesday, June 11, 2019

ဆီးဂိမ်းတွင် ရွှေတံဆိပ်ရရှိသည့် ပြေးခုန်ပစ်ကစားသမားများအား တိုက်ခန်းတစ်ခန်းနှင့် ကားတစ်စီးချီးမြှင့်မည်

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၌ စတင်ကျင်းပမည့် အကြိမ်(၃၀) မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူပေးနိုင်သည့် ပြေးခုန်ပစ်အားကစားသမားများကို တိုက်ခန်းတစ်ခန်းနှင့် ကားတစ်စီးချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။



"ကျွန်တော်တို့ ကစားသမားအနေနဲ့ ထိုက်တန်တဲ့ ဆုကြေးငွေရရှိမှသာ ဘ၀တည်ရပ်တည်ရေး ခိုင်မာလာနိုင်မှာဖြစ်လို့ မျိုးဆက်သစ်ကစားသမားတွေလည်း ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ရွှေရဖို့က တကယ်မလွယ်တဲ့ ကစားနည်းပါ။ မလွယ်လို့လည်း ပေးတာမဟုတ်ပါဘူး။ အားကစားလောက အားကစားနည်းတွေ အားကျလာအောင်၊ သူတို့ရဲ့ ဘ၀ပြောင်းလဲသွားအောင်အဖွဲ့ချုပ် ဥက္ကဋ္ဌက တိုက်ခန်းတစ်ခန်း ဒုတိယဥက္ကဋ္ဌက ကားတစ်စီး ချီးမြှင့်သွားမှာဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်ထူးအောင်က MOI သို့ ပြောကြားထားသည်။

မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ အားကစားသမားများသည် နေပြည်တော်၌ ဇွန် ၁၉ ရက်တွင်ပြုလုပ်မည့် ကွင်းတွင်းပြိုင်ပွဲများအပြီး ဇွန် ၂၁ ရက်တွင် မာရသွန် လူရွေးပွဲနှင့် ဇွန်လ နောက်ဆုံးပတ်နှင့် ဇူလိုင်လ ပထမပတ်တွင် အပြီးသတ်လူစာရင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment