Tuesday, June 11, 2019

ကချင်စစ်ဘေး (၈)နှစ်ပြည့်အထိမ်းအမှတ်ပွဲ စီစဉ်သူနှစ်ဦးကို ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲ

ကချင်ဒေသ တစ်ကျော့ ပြန်စစ်ပွဲဖြစ်ပွားမှု (၈)နှစ်ပြည့်နေ့ တွင် စစ်ရှောင်များကိုယ်တိုင် ပါဝင်သည့် ကချင်စစ်ဘေး(၈)နှစ် ပြည့် အထိမ်းအမှတ်ပြဇာတ်တင် ဆက်ပြသခြင်းနှင့် ပတ်သက်ပြီး  ကြိုတင်ခွင့်ပြုချက် တောင်းခံခြင်း မရှိဟုဆိုကာ ကချင်လူငယ်အဖွဲ့ တာဝန်ခံနှစ်ဦးကို ရဲတပ်ဖွဲ့က  တရားစွဲဆိုခဲ့သည်။ တပ်မတော်နှင့် KIA တို့၏ တိုက်ပွဲဖြစ်ပွားမှု (၈)နှစ်ပြည့်အ ထိမ်းအမှတ်ဆုတောင်းပွဲကို ဇွန် လ ၈ ရက်က မြစ်ကြီးနားမြို့ မနောကွင်းတွင် ပြုလုပ်ခဲ့ပြီး တေး သရုပ်ဖော်ပြဇာတ်ကို မြစ်ကြီးနား မြို့လယ်၌ ကချင်လူငယ်များက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၈ ရက် ဆုတောင်းပွဲနှင့် ပတ်သက်ပြီး တရားစွဲဆိုခြင်းမရှိ သော်လည်း ၉ ရက်နေ့  ပြဇာတ် တင်ဆက်မှုနှင့်ပတ်သက်ပြီး တာ ၀န်ခံနှစ်ဦးဖြစ်သည့် မဆိုင်းနူးပန် နှင့် ကိုပေါလုကို ယခုကဲ့သို့တရား စွဲဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို ဇွန်လ ၁၀ ရက်ညနေတွင် ရဲစခန်း သို့ခေါ်ပြီး အာမခံပေးခဲ့သည်။



‘‘သူတို့ကို အသိပေးအ ကြောင်းကြားခြင်း မလုပ်တဲ့အ တွက်ကြောင့် ငြိမ်းစုစီနဲ့ တရားစွဲ တာပေါ့။ ကျွန်မတို့က တစ်ပေါင်း တည်းတင်ပြတာကိုနားလည်မှုလွဲ သွားတာထင်ပါတယ်။  ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ပေါ့။ ညှိနှိုင်းမှု ကောင်း  ကောင်းမရတော့ မနက်ဖြန်တရား ရုံးမှာ ရင်ဆိုင်ဖို့ပေါ့’’ဟု မဆိုင်းနူး ပန်က ဇွန်လ ၁၀ရက်တွင် ပြော ကြားသည်။

တရားစွဲခံရသည့် ကိုပေါလု ကလည်း အဆိုပါ ကချင်ဒေသစစ် ပွဲ(၈)နှစ်ပြည့်အထိမ်းအမှတ်လှုပ် ရှားမှုများ မလုပ်ဆောင်မီ ရဲတပ် ဖွဲ့ထံ ကြိုတင်ခွင့်ပြုချက်တောင်း ခံခဲ့ကြောင်း၊ ခွင့်ပြုမိန့် တောင်းခံ ရန် ဆောင်ရွက်စဉ် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အကြံပြုချက် အရ ပွဲမိန့်တင်ခဲ့ကြောင်း၊ ငြိမ်း စုစီတင်ပြခြင်း မရှိခဲ့ကြောင်း၊ဇွန်လ ၈ ရက်နှင့် ၉ ရက်လှုပ်ရှား မှုများကို တပေါင်းတည်းကျင်းပ ရန်တင်ပြခဲ့ကြောင်း  ပြောကြား သည်။

‘‘သူတို့က လမ်းကြောင်းပေး တယ်။ ငြိမ်းစုစီနဲ့မလုပ်နဲ့၊ ပွဲမိန့်နဲ့ လုပ်ဆိုလို့ ပွဲမိန့်နဲ့လုပ်တယ်။ ဒါပေမဲ့ တစ်ဖက်မှာ ငြိမ်းစုစီနဲ့ တရားစွဲတယ်ဆိုတော့ သူတို့လုပ် တာ ယုတ္တိမရှိဘူးလို့ ခံစားရတာ ပေါ့။ မနောကွင်းပွဲနဲ့ နှစ်ခုပေါင်း ပြီးတင်လိုက်တာ။ စာထဲမှာ နှစ် ရက်စာဆိုပြီး ရက်စွဲတိတိကျကျ မထည့်လိုက်နိုင်ဘူးပေါ့’’ ဟု ကို ပေါလုက ပြောသည်။

အဆိုပါ ကချင်လူငယ်နှစ်ဦး ကို တရားစွဲဆိုခြင်းနှင့်ပတ်သက် ပြီး မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူအချို့ထံ ဆက်သွယ် ရာ အဆက်အသွယ်မရပေ။   ယခင်ကလည်း ကချင်စစ် ရှောင်များအရေးနှင့် ပတ်သက်ပြီး  ဆန္ဒထုတ်ဖော်သူများကို ရဲတပ်ဖွဲ့ က တရားစွဲဆိုခြင်းပြုလုပ်သော် လည်း ဒဏ်ငွေချမှတ်ခြင်းဖြင့်သာ ပြီးပြတ်သည့်ဖြစ်စဉ်အချို့ ရှိခဲ့ သည်။

No comments:

Post a Comment