Tuesday, June 11, 2019

ရီးရဲလ်မက်ဒရစ် အသုံးစရိတ် မြင့်မားနေ၍ ယူရိုသန်း ၃၀၀ တန်ဖိုးအထိ ကစားသမားများ ရောင်းရမည်

ချယ်လ်ဆီးမှ ဘယ်လ် ဂျီယံတိုက်စ်စမှူး ဟာဇက်ကို ယူ ရိုသန်း ၁၅၀ ဖြင့် ဝယ်ယူခြင်းအ ပါအဝင် ကစားသမားအသစ်များ အတွက် ရီးရဲလ်၏ငွေသုံးစွဲမှု မြင့် မားနေသဖြင့် ယူအီးအက်ဖ်အေ ၏ ဘဏ္ဍာငွေမျှတစွာ ယှဉ်ပြိုင် ရေး စည်းကမ်းနှင့် ကိုက်ညီစေ ရေး ရီးရဲလ်အနေဖြင့် ယူရိုသန်း ၃၀၀ အထိ တန်ဖိုးရှိသော ကစား သမားများကို ရောင်းချရမည်ဖြစ် သည်။ရီးရဲလ်အသင်းဥက္ကဋ္ဌ လော်ရန်တီနို၏ ကြယ်စင်စုအစီအစဉ် အတွက် ငွေအမြောက်အမြားသုံး စွဲမှုနှင့်အတူ ရီးရဲလ်က ဂျိုဗစ်ကို လည်း ယူရိုသန်း ၆၀ ဖြင့် ခေါ်ယူ ထားသည်။
ရီးရဲလ်၏ နွေရာသီအ သုံးစရိတ်သည် ယူရိုသန်း ၄၀၀ ရှိ မည်ဖြစ်ရာ ဝင်ငွေ၊ ထွက်ငွေ ဟန် ချက်ညီစေရန် ကစားသမားများ ရောင်းချမှုများမှ ယူရိုသန်း ၃၀၀ ဝင်ငွေပြရမည်ဖြစ်သည်။ ဇီဒန်း၏ လက်ရှိ လူစာရင်းမှ ကစားသမား ၁၃ ဦးသည် အနာ ဂတ်မသေချာဖြစ်နေပြီး အိုဒီဂတ် နှင့် အစ္စကိုတို့သည် စောင့်ကြည့်ရ မည့် ကစားသမားများအဖြစ်ရှိ နေကာ ဂါရတ်ဘေးလ်နှင့် ဂျိမ်းစ် ရိုဒရီဂွတ်ဇ်တို့မှာ ရီးရဲလ်က ကြီး ကြီးမားမား ထုတ်ရောင်းမည့် က စားသမားဖြစ်လာနိုင်သည်။ ရီး ရဲလ်က ကိုဗာဆစ်အတွက်ပြောင်း ရွှေ့ကြေးယူရိုသန်း ၅၀ သတ်မှတ် ထားပြီး ရီဂွီလွန်နှင့် ဆီဘယ်လို့စ် တို့သည် အငှားချထားခြင်း (သို့ မဟုတ်) ရောင်းထုတ်ခြင်းခံရနိုင် သည့်ကစားသမားများဖြစ်သည်။ ရီးရဲလ်တွင် တန်ဖိုးကြီး က စားသမားများ ရှိသော်လည်း သတ်မှတ်ဈေးဖြင့် ဝယ်ယူမည့်အ သင်း နည်းပါးနေသည်။ ထို့အပြင် ဘေးလ်၏စာချုပ်သည် ၂၀၂၂ တွင် ကုန်ဆုံးမည်ဖြစ်ပြီး ကိုဗာ ဆစ် (၂၀၂၁) နှင့် မားကို့စ်အယ်လို ရန်တေး (၂၀၂၁) တို့မှာ ၎င်းတို့ လုပ်ခလစာထက် လျော့သော ပမာဏဖြင့်အသင်းမှ ထွက်ခွာ မည်မဟုတ်ပေ။

No comments:

Post a Comment