Tuesday, June 11, 2019

တရားမဝင်သစ်တင်ယာဉ်ကို ရဲတပ်ဖွဲ့ပစ်ခတ်ဖမ်းဆီးစဉ် တရားခံမမိ၍ ဝေဖန်ခံနေရ ယာဉ်ငါးစီးခန့် နှောင့်ယှက်သဖြင့် ဖမ်းဆီးရန် ခက်ခဲခဲ့ဟု သစ်တောအရာရှိပြော

တရားမဝင်သစ်တင် ယာဉ် မောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးမှု   ထောက်ကြန့် မြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ယမန် နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်စဉ်တွင် တရားမ ဝင်သစ်တင်ယာဉ်ကို သိမ်းဆည်း ရမိသော်လည်း ယာဉ်ပေါ်ပါသူ များ ထွက်ပြေးလွတ်မြောက်ကာ ဖမ်းဆီးမှုအတွင်း ပါဝင်သည့် ရဲ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ သည်။ တရားမဝင်သစ်တင်ဆောင် ထားသည့် ကုန်တင်ယာဉ်ကို လှည့်ကင်းယာဉ်ဖြင့် လိုက်လံဖမ်း ဆီးသော်လည်း ပါဝင်ပတ်သက် သူများကို ဖမ်းဆီးရမိမှုမရှိခြင်း၊ လှည့်ကင်းယာဉ်ကိုတားဆီးသည့် Mark II ယာဉ်အားဖမ်းဆီးနိုင်မှု မရှိခြင်းအပေါ် လူမှုကွန်ရက်တွင် ဝေဖန်မှုအများအပြား ထွက်ပေါ် ခဲ့သည်။



မင်္ဂလာဒုံ  မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး စန်းဌေးကမူ ‘‘သူ ကရှေ့ကပြေး၊ ကိုယ်ကနောက်က လိုက်ပေါ့။ စုံစမ်းဆဲဖြစ်နေတော့ ဘာမှတော့ပြောလို့မရသေးဘူး’’ ဟု ဇွန်လ ၁၀ ရက် ညနေတွင် ရှင်းပြသည်။

တရားမဝင်သစ်တင်ယာဉ် အတွင်း ပါဝင်သူများနှင့် လှည့် ကင်းယာဉ်ကို တားဆီးပိတ်ဆို့ မောင်းနှင်ခဲ့သည့် Mark II ယာဉ် ကို ဖမ်းဆီးရမိမှုမရှိသေးကြောင်း ဒုရဲမှူးစန်းဌေးက    အတည်ပြု သည်။

အဆိုပါပစ်ခတ်ဖမ်းဆီးမှု ဖြစ်စဉ်အတွင်း ပါဝင်ခဲ့သည့် သစ် တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ထွန်းက ‘‘သူတို့က ကျွန်  တော်တို့ဝန်ထမ်းစီးတဲ့ကားတွေ၊ ဌာနကပေးထားတဲ့ကားပေါ့။ အဲ ဒါတွေ အကုန်သိတယ်။ သူတို့က လေ့လာပြီးမှလုပ်တာ။ အဲဒီတော့ သူတို့က ဘယ်ကားနဲ့လိုက်မယ်ဆို တာ အကုန်သိတယ်။ တရားမဝင် သစ်ကားတစ်စီးသွားဖို့ သူတို့က အနည်းဆုံး ကားငါးစီးပါတယ်’’ဟု ပြောသည်။ ဆက်လက်ပြီး ‘‘အခု ဖြစ်သွားတဲ့ဖြစ်စဉ်မှာဆိုလည်းကျွန် တော်တို့ စတွေ့တယ်။ ပြီးတော့ မင်္ဂလာဒုံရဲနဲ့တွေ့တယ်။ သူတို့က အစစ်မခံဘူး။ လိုက်တဲ့အခါမှာ လည်း လုံးဝမရပ်ဘူး။ နောက်ပြီး ကာတဲ့ကားတွေ  ပါလာတယ်။ ကျွန်တော်တို့ရှေ့ကနေ Light Truck တစ်စီး၊ Probox တစ်စီးနဲ့ Honda Fit တစ်စီးဖြတ်တယ်။ လေးခွတွေနဲ့ ပစ်တယ်။ သူတို့က ရသလောက်မောင်းသွားတာ။ ရုန်းလို့ရတဲ့နေရာအထိ ရုန်းပြီး တော့ သူတို့အချိတ်အဆက်နဲ့ လွတ်သွားတာပေါ့။ တရားခံကို မိ ဖို့ဆိုတာ တော်တော်လေးခက် ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်’’ ဟု ၎င်းကရှင်းပြသည်။

ဇွန်လ ၉ ရက် နံနက်အစော ပိုင်းတွင် မင်္ဂလာဒုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက လှည့်ကင်း ဆောင်ရွက်စဉ် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာ ဇေ ကမ္ဘာ R (၁၁) လမ်းပေါ်တွင် မောင်းနှင်လာသည့် ခြောက်ဘီး ယာဉ်တစ်စီးကို မသင်္ကာသဖြင့် တားဆီးစစ်ဆေးရန် ပြုလုပ်ခိုက် ရပ်တန့်ပေးခြင်းမရှိသည့်အပြင် ယာဉ်ခေါင်းခန်းပါလူများက ဓား ရှည်များပြကာ လေးခွဖြင့်စတင် ပစ်ခတ်ခဲ့ပြီး မောင်းနှင်ထွက်ပြေး ခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် တွင် ပါဝင်သည်။

တရားမဝင်သစ်တင်ယာဉ် ထွက်ပြေးလွတ်မြောက်စေရန် Mark II ယာဉ်တစ်စီးက လှည့် ကင်းယာဉ်ကို တားဆီးပိတ်ဆို့ မောင်းနှင်ခြင်းများ ပြုလုပ်ခဲ့ ကြောင်း၊ လှည့်ကင်းယာဉ်က တ ရားမဝင်သစ်တင်ယာဉ်ကို ဆက် လက်လိုက်လံဖမ်းဆီးစဉ်ထောက် ကြန့်မြို့ လမ်းဆုံအရောက် ရဲတပ် ဖွဲ့က ပစ်ခတ်တားဆီးရာ တရား မဝင်သစ်တင်ယာဉ်၏ နောက် ဘီးကိုထိမှန်ပြီး အမှတ် (၃) လမ်း မကြီး ပိတ်ဆို့ရှာဖွေရေးဂိတ်ရှိ ဘယ်ရီဂိတ်အတားအဆီးနှင့် အ မြန်လမ်းမကြီး တိုးဂိတ်မောင်းတံ တို့ကို ဝင်တိုက်ပြီး ဆက်လက် ထွက်ပြေးကာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၆/၁) အနီး ရပ်တန့်သွားကြောင်း ထုတ် ပြန်ချက်ကဆိုသည်။ တရားမဝင်သစ်တင်ယာဉ် ပေါ်မှ ကျွန်းခွဲသားဆိုဒ်စုံ ငါးတန် ခန့် သိမ်းဆည်းရမိပြီး ဥပဒေနှင့် အညီ အမှုဖွင့်အရေးယူဆောင် ရွက်နေကြောင်း  ဖော်ပြထား သည်။

No comments:

Post a Comment