Tuesday, June 11, 2019

အီရန်နိုင်ငံ ယူရေနီယမ်သန့်စင်မှု တိုးမြှင့်လုပ်နေဟု IAEA ပြော

အီရန်နိုင်ငံဟာ ယူရေနီယမ်သန့်စင်မှုကို တိုးမြှင့်လုပ်နေတယ်လို့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က ဇွန်လ ၁၀ ရက်နေ့မှာ ပြောလိုက်ပါတယ်။ နျူကလီးယား သဘောတူညီချက်ကို အီရန်လိုက်နာခြင်း ရှိမရှိ စောင့်ကြည့်တဲ့ IAEA အကြီးအကဲ ယူကီယာ အာမန်နိုက အီရန်ဟာ အရင်ကထက် သန့်စင်ပြီး ယူရေနီယမ်တွေကို တိုးမြှင့်ထုတ်လုပ်နေပေမယ့် သဘောတူညီချက်ထဲမှာ ကန့်သတ်ထားတဲ့ ပမာဏကို ဘယ်အချိန် ရောက်မလဲ ဆိုတာကတော့ မသဲကွဲဘူးလို့ ဆိုပါတယ်။



အီရန် နျူကလီးယား သဘောတူညီချက်ကနေ အမေရိကန် နုတ်ထွက်ပြီး တနှစ်အကြာ မကြာသေးခင် သီတင်းပတ်တွေက အီရန်နဲ့ အမေရိကန်အကြား ထိပ်တိုက်တွေ့မှုတွေ ရုတ်ချည်း မြင့်တက်ခဲ့တာပါ။

မေလအစောပိုင်းက စလို့ အမေရိကန် အစိုးရဟာ အီရန်အပေါ် ဒဏ်ခတ်တာတွေကို ပိုမိုတင်းကျပ်ခဲ့ပြီး အီရန်ရဲ့ ဒေသတွင်း ခြိမ်းခြောက်မှုအပေါ် တန်ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အရှေ့အလယ်ပိုင်းဒေသကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့ပါတယ်။

တဖက်ကလည်း အီရန်က ယူရေနီယမ် သန့်စင်မှုကို တိုးမြှင့်လုပ်မယ်လို့ ခြိမ်းခြောက် တုံ့ပြန်ခဲ့ပါတယ်။

No comments:

Post a Comment