Tuesday, June 11, 2019

ရန်ကုန်မြို့တွင် မကွေးမြို့နယ် ပန်းချီအစည်းအရုံး၏ ပန်းချီပြပွဲ ပြုလုပ်မည်

မကွေးမြို့နယ် ပန်းချီ အစည်းအရုံး၏ ပထမအကြိမ် ပန်းချီပြပွဲကို ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးရှိ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံးပြပွဲခန်းမတွင် ဇွန်လ ၁၉ ရက်ကစ၍ ငါးရက်ကြာ ပြုလုပ်မည်ဖြစ်သည်။  အဆိုပါ ပန်းချီပြပွဲတွင် မကွေးမြို့နယ် ပန်းချီအစည်းအရုံး မှ ပန်းချီဆရာ ၁၅ ဦး၏ ပန်းချီ ကား ၁၀၀ ခန့် ပြသရန် စီစဉ်ထား ကြောင်း ယင်းအစည်းအရုံးဥက္ကဋ္ဌ ပန်းချီဆရာ ဦးဘုဏ်းမော်ကပြောသည်။



‘‘မကွေးမြို့မှာ ပန်းချီဆရာ တွေရှိပေမယ့် များသောအားဖြင့် ပန်းချီပြပွဲလုပ်ခွင့်မရတဲ့သူ၊ မလုပ် ခဲ့ဖူးသူက များတယ်။ လူငယ် ပန်းချီဆရာတွေ ပြပွဲအတွေ့အ ကြုံလည်း ရှိလာအောင်၊ ပန်းချီ ပညာပေါ်မှာ ပိုမိုစိတ်ဝင်စား အား စိုက်ပြီး ပန်းချီကားတွေ ရေးဖြစ် လာအောင်၊ နောက်မျိုးဆက်သစ် တွေလည်း ပန်းချီအနုပညာနဲ့ ပြပွဲတွေကို စိတ်ဝင်စား အားစိုက်လာအောင် ရည်ရွယ်ပြီးတော့ မကွေးမြို့နယ်အနေနဲ့ ပထမဆုံး ခြေလှမ်းကို စလှမ်းလိုက်တာပါ’’ ဟု မကွေးမြို့နယ် ပန်းချီအစည်း အရုံးမှ ပန်းချီဆရာ ဦးသူရိန်မြိုင် က ပြောသည်။ ဇွန်လ ၁၉ ရက်မှ ၂၃ ရက် အထိ ပြသမည့် ယင်းပြပွဲတွင် လူ ငယ်ပန်းချီဆရာတို့၏ ခေတ်သစ် အမြင်နှင့် ရေးသည့်ပန်းချီကား၊ ရိုးရာပန်းချီကား၊ အညာဒေသ ရှုခင်းပန်းချီကားများ ပါဝင်မည် ဖြစ်သည်။ ပန်းချီဆေးအမျိုးအ စားအနေဖြင့် ဆီဆေး၊ ရေဆေး၊ အခရိုင်းလစ်ဆေးနှင့် ခဲပန်းချီ အမျိုးအစားများ ပါဝင်မည်ဖြစ် ကြောင်း ပန်းချီဆရာ ဦးမြင့်ဇော် ဦးက ပြောသည်။

‘‘ပြပွဲကုန်ကျစရိတ်ကို ပန်းချီ ဆရာတွေက အချိုးကျထည့်ဝင် ထားပါတယ်။ တကယ်လို့ ပန်းချီ ကားရောင်းရခဲ့ရင် ရောင်းရငွေရဲ့ ၂၅ ရာခိုင်နှုန်းကို အစည်းအရုံးကို ပြန်လှူဒါန်းပြီး ကုန်ကျစရိတ်ထဲ ကို ပြန်သုံးမယ်။ ပိုတဲ့ငွေကိုလည်း ပန်းချီဆရာတွေကို အချိုးကျပြန် ပြီး ခွဲပေးသွားမယ်’’ဟု ဦးမြင့်ဇော် ဦးက ဆိုသည်။ မကွေးမြို့နယ်ရှိ ပန်းချီဆရာမျိုးသစ်များအတွက် အစည်းအရုံး အနေဖြင့် ပြပွဲများ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ဦးဘုဏ်း မော်က ပြောသည်။

No comments:

Post a Comment