Tuesday, June 11, 2019

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အီရန်နိုင်ငံသို့ အလည်အပတ်သွားမည်

 ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ယခုသီတင်းပတ်အတွင်း အီရန်နိုင်ငံသို့ ရှားရှားပါးပါး အလည်အပတ်သွားရောက် မည်ဖြစ်ပြီး ဂျပန်၏ အဓိကမဟာမိတ် အမေရိကန်နှင့် အီရန်ကြား တင်းမာမှုများ ဖြေလျှော့ပေးရန် မျှော်လင့်နေသည်။ ၂၀၁၅ အီရန်နျူသဘောတူ ညီချက်မှ ပြီးခဲ့သည့်နှစ်က အမေ ရိကန် နုတ်ထွက်ပြီး အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည် ချမှတ်ပြီးနောက် အီရန်နှင့် အမေ ရိကန်တို့ တင်းမာနေသည်။



အမေရိကန်သည် ဂျပန်ကဲ့ သို့သော မဟာမိတ်များကို အီရန် ရေနံဝယ်ယူမှု ရပ်တန့်ရန် ဖိအား ပေးခြင်းအပါအဝင် အီရန်အပေါ် စစ်ရေးနှင့် စီးပွားရေးဖိအားပေး နေသည်။ အာဘေးအနေဖြင့် အမေရိ ကန်၏ သတင်းစကားပါးခြင်း (သို့မဟုတ်) တောင်းဆိုချက်စာ ရင်း တင်ပြခြင်းလုပ်မည်မဟုတ် ဟု ဂျပန်အစိုးရ တာဝန်ရှိသူများ က ပြောကြားပြီး ဂျပန်သည် ကြားနေအဖြစ် ရပ်တည်လိုသည်ဟု ဆိုသည်။

အာဘေးသည် ဇွန်လ ၁၂ ရက်မှ ၁၄ ရက်အထိ ခရီးစဉ်အ တွင်း အီရန်သမ္မတ ဟက်ဆန်ရို ဟာနီ၊ အီရန်ဘာသာရေးခေါင်း ဆောင် အယာတိုလာအလီခါမေ နီနှင့် တွေ့ဆုံမည်ဖြစ်သည်။

ယင်းသည် အီရန်တော်လှန် ရေးမတိုင်မီ တစ်နှစ်ဖြစ်သော ၁၉၇၈ နောက်ပိုင်း အီရန်နိုင်ငံသို့ အလည်အပတ်သွားရောက်သော ပထမဆုံး ဂျပန်ဝန်ကြီးချုပ် ခရီး စဉ်ဖြစ်သည်။

 ‘‘ဒီခရီးစဉ်က အလွန်ပဲ အရေးကြီးတယ်လို့ ယုံကြည်ပါ တယ်။ ဒေသတွင်း အဓိကအင် အားကြီးနိုင်ငံဖြစ်တဲ့ အီရန်ကို တင်းမာမှုလျှော့ချဖို့၊ နျူသဘော တူညီချက် ဆက်ထိန်းထားဖို့၊ ဒေသတွင်း တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်တဲ့ ကဏ္ဍက နေပါဖို့ ကျွန်တော်တို့ တောင်းဆို ပါတယ်’’ဟု ခရီးစဉ်မတိုင်မီ ဂျပန် အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီ ဟီဒီဆူဂါက ပြောသည်။

No comments:

Post a Comment