Tuesday, June 11, 2019

မန္တလေးတိုင်းရှိ SME လုပ်ငန်းများ နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ်ရရှိရေး ဆောင်ရွက်မည်

မန္တလေးတိုင်းရှိ စီးပွား ရေးလုပ်ငန်းများကို နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ် ရရှိရေး လိုအပ်သည့် သင်တန်းများနှင့် လမ်းညွှန်မှုများ ဆောင်ရွက်ပေးမည်ဟု မန္တလေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဥက္ကာ ကျော်ကပြောသည်။ ‘‘ISO လက်မှတ် ရယူနိုင်ဖို့ အတွက် လိုအပ်တဲ့ ပြင်ဆင်မှု တွေ၊ လိုက်နာရမယ့်ဟာတွေ အဲ ဒါတွေကို သင်တန်းပေးပြီး ကူညီ ဆောင်ရွက်ပေးသွားဖို့ စီစဉ်နေပါ တယ်။ တတိယအဖွဲ့အစည်းတစ် ခုနဲ့ ပူးပေါင်းပြီးတော့ ISO အ ထောက်အကူပြု လက်မှတ်ရနိုင် ဖို့အတွက် အဓိကလုပ်သွားမှာပါ’’ ဟု ဦးဥက္ကာကျော်က ပြောကြား သည်။
မန္တလေးတိုင်းရှိ စီးပွားရေး လုပ်ငန်းများ ISO အသိအမှတ်ပြု လက်မှတ်ရရှိရန် အခက်အခဲ ပေါင်းများစွာ ကျော်ဖြတ်ရသော ကြောင့် စီးပွားရေးလုပ်ငန်းကြီး များသာ ဆောင်ရွက်နိုင်သဖြင့် လုပ်ငန်းတိုင်း ISO လက်မှတ်ရ ရေး သင်တန်းပို့ချမှုနှင့် လမ်း ညွှန်မှုများ ပြုလုပ်ပေးရန် စီစဉ်နေ ကြောင်း ၎င်းကပြောသည်။

‘‘မြန်မာနိုင်ငံမှာ ISO အသိ အမှတ်ပြုရရှိဖို့အတွက် သင်တန်း ပေးတဲ့အဖွဲ့တွေ ရှိပါတယ်။ အဲဒီ လို အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လမ်း ညွှန်ပေးတာတွေ၊ သင်တန်းပေး တာတွေ လုပ်ပေးမှာပါ။ လတ်တလောအနေနဲ့ ပြည်တွင်းက အဖွဲ့ တွေရော ဂျပန်က အဖွဲ့တွေနဲ့ပါ ဆွေးနွေးနေပါတယ်’’ဟု ဦးဥက္ကာ ကျော်က ပြောသည်။ လက်ရှိတွင် မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI)ကို လုပ်ငန်းရှင် ၂,၈၀၀၊ ညီနောင်အသင်း ၃၆ သင်းတို့ဖြင့် ဖွဲ့စည်းထားပြီး လုပ်ငန်းအများစုဖြစ်သည့် SME လုပ်ငန်းများ ISO လက်မှတ်ရရှိလျှင် နိုင်ငံတကာသို့ ဈေးကွက်ထိုးဖောက်ရေး ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

No comments:

Post a Comment