Tuesday, June 11, 2019

မူဆယ် ကုန်သွယ်ရေးစခန်းတွင် ပို့ကုန်တင်ပို့မှု ကန်ဒေါ်လာသန်း ၆၅ဝ ကျော်အထိ ကျဆင်း

တရုတ်အစိုးရ၏တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး စီမံချက်ကြောင့် မူဆယ်ကုန်သွယ်ရေးစခန်း၏ ပို့ကုန်တင်ပို့မှု အမေရိကန် ဒေါ်လာ သန်း ၆၅ဝ ကျော်အထိ ကျဆင်းလာခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှသိရသည်။ တရုတ်နိုင်ငံ၏ တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးစီမံချက်အရ ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ပထမပတ်မှစတင်၍ တရားမဝင်ကုန်သွယ်မှုများ ဆောင်ရွက်နေသည့်အပေါ် တရုတ်အစိုးရမှ လုံခြုံရေးတင်းကျပ်စွာဖြင့်ပိတ်ဆို့ထားရှိခဲ့ခြင်းဖြစ်ပြီး
ယင်းပိတ်ဆို့ထားရှိသည့် ၂ဝ၁၈- ၁၉ ဘဏ္ဍာနှစ်အစ အောက်တိုဘာ ၁ ရက်မှစတင်၍၂ဝ၁၉ ခုနှစ် မေလကုန်အထိ ခုနစ်လတာကာလအတွင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်း၏ပို့ကုန်တင်ပို့နိုင်မှုမှာ အမေရိကန်ဒေါ်လာ ၂၂၈ဝ ဒသမ ဝ၃ ၇ သန်းသာရှိပြီး ယမန်နှစ်ကာလ တူတွင် အမေရိကန်ဒေါ်လာ ၂၉၃ ၁ ဒသမ ၆၇၉ သန်းတင်ပို့နိုင်ခဲ့သဖြင့် ကာလ တူနှင့်နှိုင်းယှဉ်ပါက ယမန်နှစ်ထက် အမေရိကန်ဒေါ်လာ ၆၅၁ ဒသမ ၆၄၂သန်း လျော့ကျလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''တရုတ်ဘက်က တရားမဝင်ကုန်သွယ်မှုကို သူတို့ရဲ့စစ်ဆင် ရေး တစ်ရပ်အနေနဲ့တားနေတာဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း ကျွန်တော်တို့ဘက်ကသွားနေတဲ့အရာတွေကို တရားဝင်သွားလို့ရ အောင်လုပ်ဆောင်ပေးနေတာပါ။ ဆန်အပြင် ကျွဲ၊ နွား၊ သီးနှံတွေကိုလည်း တရားဝင်တင်ပို့နိုင်အောင် လုပ်ဆောင် နေပါတယ်''ဟု ဇွန် ၉ ရက်က ပြောသည်။ မူဆယ်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ကုန်ပစ္စည်းများတင်ပို့ရာတွင် မြန်မာဘက်မှတရားဝင်တင်ပို့ နေခြင်းဖြစ်သော်လည်း တရုတ်ဘက်မှ အခွန်နှုန်းထားကြီးမြင့်မှု၊ တရားဝင်ခွင့်မပြု ခြင်းစသည်တို့ကြောင့် တရုတ်ကုန်သည်များအနေဖြင့် တရားမဝင်ကုန်သွယ်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ''တရုတ်နိုင်ငံကို မြန်မာနိုင်ငံရဲ့ ပို့ကုန်တင်ပို့မှုမှာ ဒီနှစ်ကအရင်နှစ်ကာလတူနဲ့နှိုင်းယှဉ်ရင်တော့ အနည်းငယ်ကျနိုင်တယ်။ မြန်မာနိုင်ငံဘက်ကတင်ပို့နေတဲ့ ဆန်တို့ပြောင်းတို့ဆိုတာကလည်း ဒီဘက်ကတရားဝင်ဖြစ်ပေမယ့် ဟိုဘက်မှာကကို တာပေးတဲ့ပစ္စည်းတွေဖြစ်နေတယ်။ ဟိုဘက်ကကုန်သည်တွေကလည်း အခွန် ရှောင်ချင်တာဖြစ်တဲ့အတွက်ကြောင့် တရားမဝင်အခွန်ရှောင် ဝယ်ယူတာတွေ ရှိတယ်။ ဒါတွေကကုန်သွယ်မှုမှာ နည်းနည်း လေးအခက်အခဲဖြစ်နေတာပါ''ဟုပြောသည်။

ယင်းသို့ မူဆယ်ကုန်သွယ်ရေးစခန်း၏ ပို့ကုန်တင်ပို့နိုင်မှုကျဆင်းလျက်ရှိ သော်လည်းသွင်းကုန်တင်သွင်းနိုင်မှုမှာ ခုနစ်လကျော်ကာလအတွင်း အမေရိကန် ဒေါ်လာ ၁၁၈ ၇ ဒသမ ၈၅၁သန်းသာရှိပြီး ယမန်နှစ်ကာလတူတွင် အမေရိကန်ဒေါ်လာ ၁၁၃ဝ ဒသမ ၃၆၉သန်း တင်သွင်းနိုင်ခဲ့သဖြင့် ကာလတူနှိုင်းယှဉ်ပါက ယမန်နှစ်ထက် အမေရိကန်ဒေါ်လာ ၈၇ ဒသမ ၄၈၂ သန်း အနည်းငယ်တိုးမြင့်တင်သွင်းခဲ့ကြောင်း သိရသည်။

No comments:

Post a Comment