Tuesday, June 11, 2019

အိမ်တွင်း အကြမ်းဖက်မှုကြုံတွေ့သော အမျိုးသမီးများ စိတ်ရောဂါဖြစ်နိုင်သည့် အန္တရာယ်များ

နေအိမ်တွင်အကြမ်းဖက်မှုခံစားရသောအမျိုးသမီးများသည် စိတ်ရောဂါစိန်ခေါ်မှု ဖြစ်ပေါ်နိုင်ခြေသုံးဆပိုများသည်ဟု လေ့လာမှုအသစ်တစ်ရပ်ကဖော်ပြသည်။ ထိုကဲ့သို့ နှိပ်စက်ခံရသောအမျိုးသမီးများသည် စိတ်ကျစိတ် ကြွရောဂါနှင့် စိတ်ကစဥ့်ကလျားရောဂါခံစားရနိုင်ပြီး ရာဇ၀င်ရှိရန်  လည်းသုံးဆပိုများသည်ဟု ဗြိတိန်စိတ်ပညာဂျာနယ်တွင် ဖော်ပြခဲ့ သော သုတေသနကပြောသည်။ အိမ်တွင်းအကြမ်းဖက်မှု၏ ကျယ်ပြန့်မှုကို ထောက်ရှုပါက အ ကြမ်းဖက်မှုနှင့် စိတ်ရောဂါဆက်စပ်မှုကို နားလည်ရန်အရေးကြီး ပြီး အိမ်တွင်း အကြမ်းဖက်ခံရသောအမျိုးသမီးများ၏ ဘ၀ကို အကူအညီပေးရေး နည်းလမ်းများ သိရှိရန်လည်း လိုအပ်သည်ဟု သုတေသနပြုစုသူ ဘာမင်ဂန်တက္ကသိုလ်ပြည်သူ့ကျန်းမာရေးဌာနမှ ဂျော့ဆင်းချန်ဒရန်လာပြောသည်။



ဗြိတိန်နိုင်ငံတွင် အထွေထွေဆရာဝန်များအား အိမ်တွင်းအ ကြမ်းဖက်မှုအကြောင်း သတင်းပို့ခဲ့သော အမျိုးသမီး ၁၈,၀၀၀ ၏ အချက်အလက်များကို သုတေသီများက ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့သည်။

ယင်းတွင် အကြမ်းဖက်ခံရသောအမျိုးသမီး ၅၀ ရာခိုင်နှုန်းခန့် သည် စိတ်ရောဂါပုံစံတစ်မျိုးမျိုးခံစားနေရသည်ကို ဆရာဝန်များက တွေ့ရှိခဲ့သည်။ အခြားထိန်းချုပ်အုပ်စုတစ်ခုတွင် ယင်းသို့ခံစားရသူ   ၂၄ ရာခိုင်နှုန်းသာရှိသည်။ စိတ်ကျန်းမာရေးနှင့် အိမ်တွင်း၊ အ ကြမ်းဖက်မှု၏ အခြားအခြင်းအရာများကို ထည့်သွင်းစဉ်းစားပြီး နောက်အိမ်တွင်း အကြမ်းဖက်မှုခံစားရသူများသည် စိတ်ကျန်းမာ ရေးအန္တရာယ်ဖြစ်ရန် သုံးဆအလားအလာပိုများသည်ဟု သုတေသီ များက ကောက်ချက်ချသည်။

ထိုကဲ့သို့အကြမ်းဖက်ခံရသောအမျိုးသမီးများအတွက်ကျန်း မာရေးဝန်ထမ်းများကသာမက မူဝါဒချမှတ်သူများကပါ ကူညီ ထောက်ပံ့ရေးဆောင်ရွက်ရမည်ဟု ကျွမ်းကျင်သူများကပြောကြားသည်။

No comments:

Post a Comment