Tuesday, June 11, 2019

ဖြိုးကိုကိုတင့်ဆန်း၏ အမှုစစ်ရဲအရာရှိနှစ်ဦးကို တရားခွင်၌ စစ်ဆေး

လက်နက်၊ မူးယစ် ဆေး၊ ဆက်သွယ်ရေးစက်များ သိမ်းဆည်းရမိသဖြင့် အမှုပေါင်း များစွာဖြင့် တရားရင်ဆိုင်နေရ သည့် ဖြိုးကိုကိုတင့်ဆန်း၏ နေ ပြည်တော်နှင့် သက်ဆိုင်သည့်အ မှုသုံးခုအတွက် အမှုစစ်ရဲအရာရှိ နှစ်ဦးကို ဒက္ခိဏခရိုင်တရားရုံးက ယမန်နေ့တွင် စစ်ဆေးသည်။ေ နပြည်တော်တွင် မူးယစ် ဆေးဝါး၊ လက်နက်တို့နှင့်စပ် လျဉ်း၍ ဖြိုးကိုကိုတင့်ဆန်းကို အမှု ရှစ်ခု စွဲဆိုထားခြင်း ဖြစ်သည်။ ရန်ကုန်နှင့်ပတ်သက်သည့် အမှု ခြောက်မှုကိုလည်း နေပြည်တော် ရှိ ဒက္ခိဏခရိုင်တရားရုံးတွင် တစ် ပေါင်းတည်း စစ်ဆေးနေသော် လည်း ယမန်နေ့က ပြုလုပ်သည့် တရားခွင်၌မူ ပါဝင်ခြင်းမရှိပေ။

ယမန်နေ့ တရားခွင်၌ နေပြည် တော်လေဆိပ်တွင် မူးယစ်ဆေး ၀ါးလက်နက်များ စတင် စစ်ဆေး တွေ့ရှိခဲ့ခြင်း၊ ဖြိုးကိုကိုတင့်ဆန်း ပိုင် ဆက်စပ်နေရာများ၍ ရှာဖွေ ခြင်း၊ သိမ်းဆည်းရမိသည့် သက် သေခံပစ္စည်းများကို လွှဲပြောင်းရယူကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ညွှန် ကြားချက်ဖြင့် အမှုစစ်အရာရှိ အဖြစ် ကိုင်တွယ်၍ တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း ရဲအုပ်သောင်းလှိုင်က  ထွက်ဆို သည်။

နေပြည်တော်နှင့် သက်ဆိုင် သည့်အမှုများအနက် ကျန်ရှိသည့် အမှုငါးခုနှင့် စပ်လျဉ်း၍ အမှုစစ် ရဲအရာရှိများကို လာမည့်ရုံးချိန်း တွင် ဆက်လက်စစ်ဆေးရန်ရှိပြီး ရန်ကုန်မှ စွဲဆိုထားသော အမှု ခြောက်မှုမှာမူ တရားလိုပြသက် သေများကို စစ်ဆေးနေဆဲ ဖြစ် သည်။

ယခင်နှစ် ဇန်န၀ါရီ ၃ ရက် နေ့က စတင်စစ်ဆေးနေခြင်းဖြစ်ပြီး တစ်နှစ်ကျော်အကြာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်၌ အမှုများကို စွဲချက်တင်ခဲ့သည်။

ထိုသို့ စွဲချက်တင်အမိန့်ကို ပြင်ဆင်နိုင်ရေး ဖြိုးကိုကိုတင့်ဆန်း ၏ရှေ့နေဖြစ်သူက ကြိုးစားသော် လည်း အဆင့်ဆင့်သော တရားရုံး များအပြင် အမြင့်ဆုံးဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရုံးကလည်း ပယ်ချခံထားရ သည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ဆက် စပ်၍ ရန်ကုန်နှင့် နေပြည်တော် တွင် တရားခံပြေးသုံးဦးလည်း ရှိနေသေးပြီး အထွေထွေအမှု ခြောက်ခုဖြင့် ဖမ်းဝရမ်းထုတ်ထား ကြောင်း တရားရုံး၏ အချက်အ လက်များက ဆိုသည်။ ၂၀၁၇ အောက်တိုဘာ ၁၅ ရက်က နေပြည်တော်လေဆိပ် တွင် ဖြိုးကိုကိုတင့်ဆန်းအပါအ ၀င် အပေါင်းပါသုံးဦးထံမှ လက်နက်၊ ကျည်ဆန်၊ စိတ်ကြွဆေး ပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီး ကွင်းဆက်အနေဖြင့် ၎င်းပိုင်ဆိုင်သည့် ဟိုတယ်၊ နေအိမ်များ၌လည်း စကားပြောစက်၊ လက်နက်များ ထပ်မံတွေ့ရှိ၍ အမှုဖွင့်စစ်ဆေး နေခြင်းဖြစ်သည်။

No comments:

Post a Comment