Tuesday, June 11, 2019

ရခိုင်ပြည်နယ်တည်ငြိမ်ရေး အထောက်အကူပြုကော်မတီ ယခုလအတွင်း ထပ်မံကွင်းဆင်းမည်

ရခိုင်ပြည်နယ်တည် ငြိမ်အေးချမ်းရေးအထောက်အ ကူပြုကော်မတီသည် ယခုလတတိယပတ်တွင် မြေပြင်ကွင်းဆင်းဆောင်ရွက်မှု ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း ယင်းကော်မတီဝင် ဦးဇော်အေးမောင်က ပြောသည်။ အထက်ပါ ကော်မတီညှိ နှိုင်းအစည်းအဝေးကို နေပြည် တော်၌ တတိယအကြိမ်ကျင်းပခဲ့ ပြီး ယခုတစ်ပတ်တွင် ရန်ကုန်၌  ပညာရှင်များ၊အတွေ့အကြုံရှိသူ များ၏ အကြံပြုချက်များလက်ခံ   ဆွေးနွေးမည်ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး ရခိုင်တိုင်း ရင်းသားရေးရာဝန်ကြီး တာဝန် ယူထားသူ ဦးဇော်အေးမောင်က ပြောသည်။ ‘‘ရန်ကုန်မှာ ကျွမ်းကျင်သူ  များရဲ့ဆွေးနွေးမှုတွေ၊ အကြံပြုမှု တွေရယူဖို့အစည်းအဝေးတစ်ခု လုပ်ဦးမယ်။ အဲဒါပြီးရင် ရခိုင်ကို တတိယအကြိမ်ကွင်းဆင်းမယ်’’ ဟု ၎င်းကရှင်းပြသည်။



အဆိုပါ ခရီးစဉ်တွင် ရခိုင် ပြည်နယ်၌ ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခအခြေအ နေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှင့် ပတ်သက်၍အတွေ့အကြုံရှိ သူများ၊ ပါဝင်ပတ်သက်သူများ နှင့် ဒေသခံများ၏ အကြံပြုသုံး သပ်ချက်များ၊ ဖြစ်စဉ်အကြောင်း အရာများကို ရယူမည်ဖြစ် ကြောင်း ကော်မတီဥက္ကဋ္ဌအမျိုး သားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က နေပြည် တော်၌ ဇွန်လ ၇ ရက်တွင်ပြုလုပ် ခဲ့သော ညှိနှိုင်းအစည်းအဝေး၌ ပြောကြားသည်။

ယင်းအကြံပြုချက်၊ သုံးသပ် ချက်၊ ဖြစ်စဉ်အကြောင်းအရာ များကို မှတ်တမ်းရယူ၍ အစီရင် ခံစာရေးသားရာတွင် အသုံးပြု မည်ဖြစ်ပြီး ရခိုင်ပြည်နယ်တည် ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး  တိုးတက်ရေး ရေတိုရေရှည် ဆောင်ရွက်သင့်သည့် လုပ်ငန်း စဉ်များနှင့် ပတ်သက်သော   အစီ ရင်ခံစာကို ပြည်ထောင်စုအစိုးရ သို့တင်သွင်းမည် ဖြစ်ကြောင်း ဦးအေးသာအောင်က ဆိုသည်။

တစ်ဖက်တွင်လည်း စစ် ဘေးရှောင်ဒုက္ခသည်များ စား သောက်နေထိုင်ရေး၊ ကျန်းမာရေး၊ပညာရေးကိစ္စရပ်များကို ကူညီဆောင်ရွက်ရန်လိုကြောင်း အထက်ပါကော်မတီ ဥက္ကဋ္ဌက တိုက်တွန်းသည်။

 ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးအထောက်အကူပြု  ကော်မတီကို နိုင်ငံတော်သမ္မတ ရုံးက မတ်လ ၁၄ ရက်တွင် အဖွဲ့ ၀င် ၁၄ ဦးဖြင့်ဖွဲ့စည်းခဲ့သော် လည်း ကော်မတီဝင်လွှတ်တော်  ကိုယ်စားလှယ်အချို့သည် ကော် မတီ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုပေ။ ယင်းကော်မတီတွင် ရခိုင် တိုင်းရင်းသားအနည်းဆုံး ခုနစ်ဦး ပါဝင်သော်လည်း ကော်မတီစတင်ဖွဲ့စည်းချိန်က အဖွဲ့ဝင်အဖြစ်ပါဝင်မည့်သူအချို့ကို ကြို တင် အကြောင်းကြားဆွေးနွေး ခြင်းမရှိသဖြင့် ကော်မတီနှင့် မပူး ပေါင်းကြောင်း ကာယကံရှင်များ ကဆိုထားသည်။

No comments:

Post a Comment