Tuesday, June 11, 2019

ပုဏ္ဏားကျွန်းရှိ စစ်ရှောင်စခန်းကို လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးရန် ကြိုးပမ်းမှု သံဃာတော်များတားမြစ် စစ်ရှောင်များကြောက်ရွံ့မှုမရှိစေရေး အရပ်ဝတ်ဖြင့် အချိန်မရွေးစစ်ဆေးနိုင်ဟု မိန့်ကြား

ရခိုင်ပြည်နယ် ပုဏ္ဏား ကျွန်းမြို့နယ်၊ ပေါက်တောပြင် ဘုန်းကြီးကျောင်းရှိ စစ်ရှောင်စ ခန်းကို တပ်မတော်သား ၅၀ ကျော်အပါအ၀င် လုံခြုံရေးတပ် ဖွဲ့ဝင်များက ၀င်ရောက်စစ်ဆေး ရန် ဆောင်ရွက်မှုကို တားမြစ် ထားကြောင်းနှင့် အရပ်ဝတ်ဖြင့် စစ်ဆေးပါကအချိန်မရွေး စစ် ဆေးနိုင်ကြောင်း ပေါက်တော ပြင်ဘုန်းတော်ကြီးကျောင်းမှ သံ ဃာတော်များက မိန့်ကြားသည်။ စစ်ရှောင်ဦးရေ ၇၀၀ ကျော် ရှိသော ပေါက်တောပြင်ဘုန်းကြီး ကျောင်းသို့လုံခြုံရေးတပ်ဖွဲ့များ ကဇွန်လ ၁၀ ရက်နံနက်တွင် စစ်ဆေးရန် ဆောင်ရွက်ခြင်းဖြစ် သည်။



‘‘မနက်ပိုင်း ၉ နာရီလောက် မှာ စစ်တပ်ကတော့ဝင်စစ်ဖို့ လို့ပြောတယ်။ ပြောတော့ဦးပဉ္စင်း တို့ကနေပြီး ဒီမှာပြည်သူတွေ ကြောက်နေကြတယ်၊ ယူနီဖောင်းနဲ့မ၀င်နဲ့၊ စစ်ချင်တယ်ဆိုရင်အရပ်သားဝတ်နဲ့ ၀င်လို့ရတယ်၊ အချိန်မရွေးစစ်လို့ရတယ်လို့ အဲဒီလိုပဲဦးပဉ္စင်းတို့က ပြောလိုက်တာ’’ဟု ဆရာတော် ဦးအာရက္ခကမိန့်ကြားသည်။ ယင်းတွင် ရဲတပ်ဖွဲ့ဝင်အချို့လည်း ပါဝင်ကြောင်းဆရာတော်က မိန့်ကြားသည်။

ထိုသို့ ၀င်ခွင့်မပေးခြင်း ကြောင့် တပ်မတော်သား ၅၀ ကျော်ကျောင်းပတ်ဝန်းကျင်တွင် ဇွန်လ၁၀ ရက်ညအထိရှိနေကြောင်း၊ ညပိုင်းအချိန်တွင် ၀င်ရောက်စစ်ဆေးခြင်းများ ဆောင်ရွက်မည်ကို စစ်ရှောင်များက စိုးရိမ်နေကြောင်း ဆရာတော်ကမိန့်ကြားသည်။

ပေါက်တောပြင် ဆရာတော် ဦးကုသလကလည်း ‘‘ဒုက္ခသည် စခန်းကလူတွေကို စစ်ချင်တယ် ဆိုပြီးတော့ လျှောက်တယ်။ ဆရာတော်တို့ကလည်း ဒကာတို့ စစ်ချင်ရင် ယူနီဖောင်းနဲ့မစစ်နဲ့၊ ဒကာတို့ ယူနီဖောင်းကို မြင် တာနဲ့ ကြောက်နေကြပြီ၊ အရပ် ဝတ်နဲ့ စစ်မယ်ဆိုရင် စစ်ချင်သလို စစ်ပါ၊ အဲဒီလိုပြောလိုက်ပါတယ်။ ဒ့ါပေမဲ့သူတို့က မစစ်သေးဘူး။ ကျောင်းကို ဝိုင်းထားတယ်အခု။ အထက်က ခိုင်းလို့ တာဝန်အရလို့ ပြောတယ်။ ကျောင်းအပေါ်က တောင်မှာလည်းရှိတယ်’’ ဟု မိန့် ကြားသည်။

တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ ယင်းဖြစ်စဉ်ကို မသိရသေး ကြောင်း ပြောကြားပြီးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဆက် သွယ်ရန် လမ်းညွှန်သည်။

‘‘ကျွန်တော်ပြောနိုင်တာက တော့ သတင်းရလို့ ခွင့်တောင်းပြီး ဆောင်ရွက်တာဖြစ်ပါလိမ့်မယ်’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အ နောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ၀င်းဇော်ဦးထံ ဆက် သွယ်ရာ အဆက်အသွယ်မရပေ။ ပြီးခဲ့သည့် မေလဆန်းကလည်း တပ်မတော်စစ်ကြောင်း အပါ အ၀င် လုံခြုံရေးတပ်ဖွဲ့များက ရသေ့တောင်မြို့နယ် ကျောက် တန်းရွာ၌ AA နှင့်ပတ်သက်၍ မသင်္ကာဟုဆိုကာ အမျိုးသား ၂၇၅ ဦးကိုရွာစာသင်ကျောင်း၌ ထိန်းသိမ်းစစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးနေစဉ်ပစ်ခတ်မှု ဖြစ်ပွား ပြီး ထိန်းသိမ်းထားသူများအနက် ခြောက်ဦးသေဆုံးကာ ရှစ်ဦး ဒဏ် ရာရရှိခဲ့သည်။

No comments:

Post a Comment