Tuesday, June 11, 2019

ဘဲပျောက်ဆုံးသည့်ကိစ္စ မကျေနပ်ရာမှ ဓားဖြင့်ထိုးခံရ၍ လူတစ်ဦး သေဆုံး

ထန်းတပင်မြို့နယ် တွင်ဘဲပျောက်သည့်ကိစ္စ မကျေ နပ်ရာမှ ဘဲပိုင်ရှင်က ဓားဖြင့်ထိုး ၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း   ထန်းတပင်မြို့မရဲစခန်းမှ ရဲအ ရာရှိတစ်ဦးကပြောသည်။ သေဆုံးသူသည်ဇွန်လ ၉ ရက်က ကြက်မွေးမြူရေးခြံ၌ အ လုပ်လုပ်နေစဉ်ကြက်ခြံဘေးတွင် နေထိုင်သူ စိုးပိုင်ကဘဲခြောက် ကောင်ပျောက်သည့် ကိစ္စနှင့်ပတ် သက်၍မကျေမနပ်ဖြစ်ကာကြက် ခြံသို့လာရောက်၍ အသင့်ယူလာ သောအရိုးအသွားခြောက်လက် မရှိဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းကဆိုသည်။ ဓားဖြင့်ထိုးခံရသူ ဦးစံခင်မှာ လည်ပင်းဝဲဘက်ခြမ်းတွင် ထိုး သွင်းဒဏ်ရာတစ်ချက် ရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံး ခဲ့သည်။
‘‘တရားခံကိုတော့ချက်ချင်း ဖမ်းမိခဲ့ပါတယ်။ တခြားဘယ်ကိစ္စ တွေကြောင့် အခုလိုဖြစ်တယ်ဆို  တာစစ်ဆေးနေတုန်းပါပဲ။ ဒေါသ ကြောင့် လူသတ်မှုကျူးလွန် တယ်လို့တော့လတ်တလော စစ် ဆေးတွေ့ရပါတယ်’’ ဟု အထက် ပါရဲအရာရှိကပြောသည်။ စိုးပိုင်ကို ထန်းတပင်မြို့မရဲ စခန်းက လူသတ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်အရေးယူထားသည်။  တိုက်ကြီးမြို့နယ်ခုနစ် ကျိုက်အရှေ့ကျေးရွာရှိ ဘဲမွေးမြူ   ရေးခြံတွင်လည်း အလုပ်သမားနှစ်ဦး ဘဲစာကျွေးရင်း စကားများရန်ဖြစ်ရာမှ သံပိုက်လုံးနှင့်ရိုက်နှက်၍ လူသေဆုံးမှု ဇွန်လ ၉ ရက်က ဖြစ်ပွားခဲ့သည်။

No comments:

Post a Comment