Tuesday, June 11, 2019

ခန္ဓာကိုယ်ထိန်းသိမ်းနေတဲ့ အကြောင်းရင်းကို ပြောတဲ့ နေတိုး

ဇာတ်ဝင်ခန်းလိုအပ်ချက် အရသော်လည်းကောင်း၊ ကျန်း မာရေးအရသော်လည်းကောင်း၊  ခန္ဓာကိုယ်ပိုင်းနှင့်ပတ်သက်ပြီး Gym ကစား၍ ထိန်းသိမ်းနေသလို အစားအသောက်ကိုလည်း Diet Plan နှင့် စားဖြစ်နေကြောင်း သရုပ်ဆောင်နေတိုးက ပြောသည်။ ‘‘ထမင်းအများကြီး မစားဖြစ်ဘူး။ ကျန်းမာရေးအရကို ဦးစား ပေးပြီး လေ့ကျင့်ခန်းလုပ်ဖြစ် တယ်။ အရမ်းကြီးခန္ဓာကိုယ်ကြီး ထွားပြီး သန်မာဖို့အတွက်တော့ မဟုတ်ပါဘူး။ ကျန်းမာရေးအရ Body Beauty ဆော့တာမျိုးတော့ ရှိပါတယ်။ ဘယ်အရာကိုမှ လွန် လွန်ကြူးကြူး လုပ်တာမျိုးတော့ မကောင်းဘူး။
လောလောဆယ် မှာတော့ ခန္ဓာကိုယ်ကျစ်ကျစ်လျစ် လျစ်နဲ့ လှပပြီးတော့ အ၀တ်အ စားဝတ်ရတာလည်း အဆင်ပြေ အောင်၊ ကျန်းမာရေးအရရော၊ အသက် (၃၀)နဲ့ (၄၀)ကြားမှာ ရှိ တဲ့ လူတစ်ယောက်ရဲ့ ပြောင်းလဲမှု၊ ကျွန်တော်တို့ရဲ့ပျက်စီးသွားမယ့်၊ ဆုံးရှုံးသွားမယ့်၊ လောင်ကျွမ်းသွား မယ့် အရာတွေအပေါ်မှာ ထိန်းညှိ ဖို့လိုအပ်တဲ့ အားကစားနည်းတွေ ကို အများကြီး အသုံးပြုသွားပြီး တော့ အားကစားတွေ လုပ်သွား ဖို့ ရှိပါတယ်’’ဟု နေတိုးက ပြော သည်။ ၎င်းထံသို့ အားကစားနှင့် ပတ်သက်ပြီး လာရောက်ကမ်း လှမ်းသည့် ဇာတ်ကားများရှိသော် လည်း ငြင်းပယ်ရခြင်းမျိုးရှိ ကြောင်း ပြောသည်။

‘‘ဇာတ်ကားတွေထဲမှ အား ကစားနဲ့ပတ်သက်တဲ့ ဇာတ်ဝင်ခန်း တွေပါမယ်ဆိုရင် လက်ဝှေ့တို့ ဘာတို့မဖြစ်မနေ အင်္ကျီချွတ်ရတဲ့ အခါမျိုးကျရင် အဲဒီလိုဇာတ်ကား မျိုးကို ရိုက်ဖို့အတွက် ကျွန်တော် ကြိုးစားမှာပါ။ ကျွန်တော့်ဆီကို ရောက်တဲ့ အားကစားနဲ့ပတ်သက် တဲ့ ဇာတ်လမ်းတွေရှိပေမယ့် ကျွန် တော့်အနေနဲ့ မရိုက်ဖြစ်တာတွေ ရှိတယ်။ အက်ရှင်ဆန်ဆန်နဲ့ တကယ်ကို အားကစားတစ်ခုအ ပေါ်မှာ အခြေခံပြီးရိုက်ရမယ့် ဇာတ်လမ်းမျိုးတွေလည်း ပရိ သတ်တွေမြင်တွေ့ရင် မြင်တွေ့ ခွင့်ရလာမယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာအောင် အရင်ဦး ဆုံး ကြိုးစားရဦးမှာပေါ့’’ဟု နေ တိုးက ပြောသည်။

ဇာတ်ကားရိုက်ကူးရေးနှင့် ပတ်သက်ပြီး ဇာတ်ဝင်ခန်းလို အပ်ချက်အရ ခန္ဓာကိုယ်အရွယ်အစား ပြောင်းလဲရန်လိုအပ်လျှင် ခန္ဓာကိုယ်ကို ကြီးထွားအောင်လုပ် မည်ဖြစ်ကြောင်း ၎င်းကပြော သည်။ ‘‘လူတစ်ယောက်ကတော့ ကိုယ်ယုံကြည်ရာကို ကိုယ်လုပ် တာအကောင်းဆုံးပေါ့။ အဲဒီအ တွက် ကြိုးစားနေတာတော့ မဟုတ်ဘူး။ ခန္ဓာကိုယ်ကျစ်လျစ်မှုကို ပရိ သတ်ကိုပြလို့ရတဲ့ အနေအထား တစ်ခုရောက်လာအောင်လို့တော့ ရည်မှန်းချက်တစ်ခု ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အားကစားကို ပုံမှန်လုပ်သွားမယ်။   ပရိသတ်တွေ မမျှော်လင့်ပေမယ့်လည်း ယောက်ျားလေးတစ်ယောက်မှာ ဒီလိုမျိုးခန္ဓာကိုယ်မျိုးကိုတော့ ယောက်ျားလေးတိုင်းက ပိုင်ဆိုင်ချင်ကြမှာပဲဆိုတော့ ကျွန်တော့်အနေနဲ့ ကြိုးစားနေပါတယ်’’ဟု နေတိုးက ပြောသည်။

No comments:

Post a Comment