Tuesday, June 11, 2019

တောင်ပိုင်းနယ်စပ်က ဝင်လာသည့် ရွှေ့ပြောင်းနေထိုင်သူများကို မက္ကဆီကို ထိန်းသိမ်း

လူဝင်မှုကြီးကြပ်ရေး အမေရိကန်နဲ့သဘောတူညီချက်အသစ် အသက်ဝင်ပြီမို့ ဇွန်လ ၁၀ ရက်နေ့က မက္ကဆီကို အာဏာပိုင်တွေဟာ တောင်ပိုင်းနယ်စပ်က ဝင်လာတဲ့ရွှေ့ပြောင်းနေထိုင်သူတွေကို ထိန်းသိမ်းခဲ့ပါတယ်။ ဂွါတီမာလာနဲ့ မက္ကဆီကို နယ်စပ်အကြား စူချီယာသဲမြစ်ကို ဖြတ်ကူးဝင်လာတဲ့ ရွှေ့ပြောင်းလာသူတွေကို မက္ကဆီကို အာဏာပိုင်တွေက ထိန်းသိမ်းခဲ့တာပါ။ နယ်စပ်မြစ် ဖြတ်ကူးဝင်လာသူ ဟွန်ဒူးရပ်စ်နိုင်ငံသားက နယ်စပ်တလျှောက် ခြေကျင်ခရီးနှင်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။



ဒါ့အပြင် အာဏာပိုင်တွေက သူ့ကိုပြန်ပို့ရင် သူ့အနေနဲ့ အမေရိကားကို ခရီးဆက်မယ်လို့လည်း ပြောခဲ့ပါတယ်။

ဇွန်လ ၇ ရက်နေ့က နယ်စပ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ မက္ကဆီကိုတို့ သဘောတူညီချက်ရပြီး ကုန်သွယ်ခွန် စည်းကြပ်မယ့်ကိစ္စကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။

အဲဒီသဘောတူညီချက်အရ မက္ကဆီကိုဟာ ဗဟိုအမေရိကကနေ တရားမဝင် ဝင်လာသူတွေကို ထိန်းချုပ်ဖို့ ခိုလှုံခွင့်အစီအစဉ်ကို အမြန်ချဲ့ထွင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ချထားရေး သဘောတူခဲ့ပါတယ်။

ဒါပေမယ့် မက္ကဆီကိုတောင်ပိုင်း နယ်စပ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ပိုမိုချထားတာဟာ ဂွါတီမာလာနယ်စပ်ကို စစ်ပုံသွင်းတယ်ဆိုပြီး ရှုမြင်မှာကို ရွှေ့ပြောင်းသူများအရေး လှုပ်ရှားသူတွေကတော့ စိုးရိမ်နေကြပါတယ်။

No comments:

Post a Comment