Tuesday, June 11, 2019

လှိုင်သာယာမြို့နယ်၌ အလုပ်သမားမှတ်ပုံတင်နှင့် ထောက်ခံစာ အတုများ ပြုလုပ်ရောင်းချသူ ၂ ဦး ဖမ်းဆီးရမိ

လှိုင်သာယာမြို့နယ်၌ အလုပ်သမားမှတ်ပုံတင်နှင့် ထောက်ခံစာအတုများ ပြုလုပ်ရောင်းချသူ ၂ ဦး ကို ဇွန်လ ၉ ရက်က ဖမ်းဆီးရမိခဲ့ကြောင်းပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။ လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ (၈)ရပ်ကွက်၊ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနရုံးရှေ့ လမ်းထောင့်၌ မင်းဇော်(၃၈)နှစ်အား လှိုင်သာယာမြို့နယ်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးတံဆိပ်ရိုက်နှိပ်ထားပြီး ဦးစီးအရာရှိနေရာတွင် လက်မှတ်ရေးထိုးထားသော အလုပ်သမား မှတ်ပုံတင်ကတ်ပြားအတု ၉ စောင်၊ လှိုင်သာယာမြို့မရဲစခန်း တံဆိပ်အဝိုင်းရိုက်နှိပ်ထားပြီး စခန်းမှူးနေရာတွင် လက်မှတ်ရေးထိုးထားသော ရဲစခန်းထောက်ခံချက်အတု ၄ စောင်၊ ငွေ ၁၆,၂၀၀ ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။



ထို့အတူ လှိုင်သာယာမြို့နယ်အုပ်ချုပ်ရေးမှုးရုံးရှေ့၌ ဝေလင်း(၂၈)နှစ်အား အလုပ်သမားမှတ်ပုံတင်ကတ်ပြားအတု ၈ စောင်၊ လှိုင်သာယာမြို့မရဲစခန်းရဲစခန်းထောက်ခံချက်အတု ၈ စောင်၊ ငွေ ၁၃,၀၀၀ ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ဇွန်လ ၁၀ ရက်နေ့ တွင် မင်းဇော်(၃၈)နှစ်အား လှိုင်သာယာမြို့မရဲစခန်း (ပ)၃၄၉၃/၂၀၁၉နှင့် ဝေလင်း(၂၈)နှစ်အား လှိုင်သာယာမြို့မ ရဲစခန်း(ပ)၃၄၉၄/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈(လိမ်လည်မှု/အတုပြုလုပ်မှု)တို့ဖြင့် အသီးသီး အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment