Tuesday, June 11, 2019

ဟန်ဂေရီ ကားပြိုင်ပွဲမှာ လူအုပ်ထဲ ပြိုင်ကား ဝင်တိုက်

ဟန်ဂေရီက ရယ်လီ ကားပြိုင်ပွဲ တစ်ခုမှာ လူအုပ်ထဲ ပြိုင်ကား ဝင်တိုက်တဲ့ ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ ဇွန်လ ၁၀ ရက်က တော့တ်ကွမ်လော့စ်မြို့မှာ ပြိုင်ကား တစ်စီးက ဂငယ်ကွေ့ လမ်းကြောင်းအတိုင်း ပြန်ကွေ့ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက လူအုပ်ထဲ ဝင်တိုးမိသွားတာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို အနားမှာ ရှိနေသူတွေက မှတ်တမ်း ဗီဒီယို ရိုက်ကူးနိုင်ခဲ့ပါတယ်။ ကားနဲ့ ဝင်တိုက်မိတဲ့အတွက် လူ ၁၁ ဦး ဒဏ်ရာရသွားပြီး ၂ ဦးကိုတော့ အခြေအနေ စိုးရိမ်ရတဲ့အတွက် ရဟတ်ယာဉ်နဲ့ အမြန်ဆုံး သယ်ယူသွားခဲ့ရပါတယ်။ အာဏာပိုင်တွေက အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ အကြောင်းရင်းကို စုံစမ်းနေဆဲပါ။ မြို့ရဲ့ ရယ်လီ ကားမောင်းပြိုင်ပွဲကို နှစ်တိုင်း ကျင်းပခဲ့တဲ့ ၁၀ ကြိမ်မြောက် ရှိခဲ့ပါပြီ။ အခုနှစ် ပြိုင်ပွဲကိုတော့ ပြိုင်ပွဲဝင် ၁၀၀ ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။

No comments:

Post a Comment