Tuesday, June 11, 2019

ပြည်ခရိုင်တရားရုံးအနီး၌် NLD ပါတီမြို့နယ်ပြန်ကြားရေးတာဝန်ခံအား နေ့ခင်းအချိန်တွင် ဓားဖြင့်ဝင်ထိုးမှုဖြစ်ပွား

ပြည်ခရိုင်တရားရုံးအနီး NLD မြို့နယ် ပြန်ကြားရေးတာဝန်ခံအား နေ့လည်ခင်းအချိန်တွင် ဓားဖြင့်ဝင်ထိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ြ ဖစ်စဉ်နှင့်ပတ်သက်၍ ဇွန် ၁၀ ရက်မွန်းလွဲ ၁ နာရီခွဲခန့်က ခရိုင်တ ရားရုံးရှေ့ ထမင်းဆိုင်တွင် ထိုင်နေသော ပြည်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြန်ကြားရေးတာဝန်ခံ ကိုကျော်ကျော်ဉာဏ်ဝင်းအား အမျိုးသားတစ်ဦးက ဓားဟုယူဆရသောအရာဖြင့် လည်ပင်းအား ဝင်ရောက်ထိုးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



“ထမင်းစားနေတုန်း ကျော်ကျော်ဉာဏ်ဝင်းအနားမှာ ဘယ်သူရှိမှန်းလဲ အမှုမဲ့အမှတ်မဲ့၊ သူဝင်လာတာတွေ့တော့ စားသုံးသူမှန်းမှတ်လို့ ကိုကျော်ကျော်ဉာဏ်ဝင်း အသိပဲမှတ်လို့ အဲဒီလိုပဲထင်တာ၊ ကိုကျော်ကျော်ဉာဏ်ဝင်း နောက်ကနေ ဘတ်ဘတ်ဆိုပြီးလုပ်သွားတော့ ဘာနဲ့ရိုက်နေတာလဲ၊ နှိပ်ပေးနေတာလားပေါ့၊ နောက်မှသူ့ကိုဓားနဲ့ ထိုးသွားတယ်ပြောမှ ပျာပျာသလဲသိကြတာ။ အဲဒီကျမှ သူ့ကိုဆေးရုံပို့ သွေးတွေက တအားထွက်နေတော့ ပုဆိုးတွေနဲ့အဝတ်တွေနဲ့ပတ်နေကြတာ။ သွေးတွေကတော့ ထွက်နေတာပေါ့” ဟု အခင်းဖြစ်ပွားရာ ထမင်းဆိုင်ပိုင်ရှင် ဒေါ်စန်းက ဆိုသည်။

ကိုကျော်ကျော်ဉာဏ်ဝင်းမှာ လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ မြို့နယ်ပြန်ကြားရေးတာဝန်ခံအဖြစ် တာဝန်ယူထားပြီး မြေယာအရေးများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်ကြောင်း ယခင်မြေယာကိစ္စတစ်ခုနှင့် ညီအစ်ကိုနှစ်ဦးက ထိုးသွားသည်ဟု ယူဆကြောင်း ပြည်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဝင်းက ဆိုသည်။

“ကိုကျော်ကျော်ဉာဏ်ဝင်းကိစ္စက မှန်တယ်။ ပဲခူးသတင်းနဲ့ ပြန်ကြားသင်တန်းသွားကာနီးဖြစ်တာပဲ။ လည်ပင်းကိုဓားနဲ့ထိုးတာ ဆေးရုံရောက်နေတယ်။ အသက်မသေသေးဘူး။ ပြန်ပြီးချုပ်ရမယ်။ မကျေနပ်တဲ့ ကိစ္စလေးတော့ ရောက်လောက်မယ်။ မြေအမှုကိစ္စလေး၊ ထိုးတဲ့သူကလည်း ညီအစ်ကိုနှစ်ယောက် တရားရုံးနား လူအများရှေ့မှာထိုးတာ”ဟု ၎င်းက ပြောကြားသည်။

ဓားဖြင့်ထိုးခံရသူ ကိုကျော်ကျော်ဉာဏ်ဝင်းအား ပြည်မြို့ပြည်သူ့ေ ဆးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူထားပြီး တရားခံအား ဖမ်းဆီးရမိရေး စုံစမ်းပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း တာဝန်ကျရဲအရာရှိထံမှ သိရသည်။

No comments:

Post a Comment