Tuesday, June 11, 2019

လပွတ္တာမြို့နယ်၌ ဆူပူရမ်းကားသူအား ထိန်းသိမ်းစဉ် ရန်ပြု၍ ရဲတပ်ဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး

လပွတ္တာမြို့နယ်၌ ဆူပူရမ်းကားသူအား ထိန်းသိမ်းစဉ် ရန်ပြု၍ ရဲတပ်ဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ပြည်သူလူထူ၏ ဘေးကင်းလုံခြုံမှုနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့် လက်နက်ကိုင်ရမ်းကားမှုများ၊ခြိမ်းခြောက်မှုများကို ပိုမိုထိရောက်ပြတ်သားစွာ ထိန်းသိမ်းအရေးယူဆောင်ရွက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ပြည်နယ်/တိုင်း တပ်ဖွဲ့အသီးသီးသို့ ညွှန်ကြားထားသည်။

ဇွန်လ ၁၀ ရက် ၁၈၃၀ နာရီတွင် လပွတ္တာခရိုင် လပွတ္တာမြို့နယ် ရွှေမိတ် ကျေးရွာနေ ကျော်မျိုး(၃၀)နှစ် လယ်လုပ်(ဖ)ဦးပြုံးချိုသည် ဓားကိုင်ရမ်းကားသောင်းကျန်းနေကြောင်း ၎င်း၏ဇနီး မငွေဇင်ဦးမှ တိုင်တန်း၍ ကန်ဘက်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်တားဆီးထိန်းသိမ်းစဉ် ကျော်မျိုးမှ ရဲတပ်ဖွဲ့ဝင်များအား ဆဲဆိုခြိမ်းခြောက်ပြီး တုတ်ဖြင့်ရိုက်ရန် ပြေးဝင်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ သတိပေးပစ်ခတ်ခဲ့ရာကျော်မျိုးတွင် ဝမ်းဗိုက်/ ယာလက်ဖျံ ပေါက်ပြဲဒဏ်ရာများ (မစိုးရိမ်ရ)ရရှိပြီး ၎င်း၏ လွယ်အိတ်အတွင်းမှ လေးခွ ၁ လက်၊ အရှည် ၈ လက်မခန့် စကေဘာ ၁ ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကာ ၎င်းအား (ပ)၁၃၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၂၉၄/၅၀၆ ဖြင့်လည်းကောင်း၊ (ပ)၁၃၈/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

No comments:

Post a Comment