Tuesday, June 11, 2019

သေနတ်ကိုင်ဆောင်သူတစ်ဦးကြောင့် လိင်တူစုံမက်သူချီတက်ပွဲ ဝရုန်းသုန်းကားဖြစ်

 အမေရိကန်နိုင်ငံ လိင်တူစုံမက်သူချီတက်ပွဲတွင် ဝရုန်းသုန်းကားဖြစ်စေပြီး လူခုနစ်ဦး ဆေးရုံတက် ကုသခဲ့ရပြီးနောက် အမျိုးသားတစ်ဦး တရားစွဲခံရ သည်။ အက်ဖ်တက်ဘ်ဂျစ်တ်ဆင်း အမည်ရှိ အမျိုးသားသည် ဇွန်လ ၈ ရက်က ချီတက်ပွဲတွင် သေနတ် တစ်လက် ကိုင်မြှောက်ခဲ့သော ကြောင့် လူအုပ်ကြီး ဖရိုဖရဲဖြစ်ခဲ့ သည်။ ဆင်းသည် အန္တရာယ်ရှိ သော၊ လက်နက်ဖြစ်သည့် BB သေနတ်ကို တရားမဝင်ပိုင်ဆိုင်မှုဖြင့် တရားစွဲခံရသည်။ ချီတက်စဉ်အတွင်း ဖောက် ခနဲအသံများ ကြားခဲ့ကြောင်း၊ ထို့နောက် ပြေးလွှားကာ စား သောက်ဆိုင်တစ်ဆိုင်ထဲသို့ တွန်းဝင်ပြီး ရေချိုးခန်းထဲတွင် ပုန်းခဲ့ ကြောင်း ဆယ်ကျော်သက် မိန်း ကလေးတစ်ဦးက ပြောသည်။



 ဝရုန်းသုန်းကားမဖြစ်မီက ယင်းဧရိယာ၌ ကျယ်လောင်သော အသံတစ်သံ ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသော်လည်း သေနတ်သံ ဟုတ်၊ မဟုတ် မသိရ သေးပေ။

ကစဥ့်ကလျား ပြေးလွှားစဉ် ရရှိခဲ့သော အသက်အန္တရာယ်မစိုး ရိမ်ရသည့် ဒဏ်ရာများကြောင့်လူခုနစ်ဦး ဆေးရုံရောက်ခဲ့သည်။ ချီတက်ပွဲကျင်းပမည့် နေရာ များ၌ ကြိုတင်လုံခြုံရေး ဆောင် ရွက်မှုနှင့်အတူ ၎င်းတို့ ဆက်လက်ချီတက်မည်ဟု ပွဲစီစဉ်သူများက ပြောသည်။ ၁၉၆၉ က နယူးယောက်မြို့ ရှိ လိင်တူချစ်သူဘားတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှု အထိမ်းအမှတ်အဖြစ် ကမ္ဘာတစ် ဝန်း ဇွန်လအတွင်း လိင်တူစုံမက် သူချီတက်ပွဲ ကျင်းပလေ့ရှိသည်။

No comments:

Post a Comment