Tuesday, June 11, 2019

ရေနစ်နေတဲ့ ကောင်လေးနှစ်ဦးကို ကယ်ဆယ်ခဲ့သူ ကိုယ်တိုင်ရေနစ်သေဆုံးခဲ့ရ

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပင်လယ်ကမ်းခြေတစ်ခုမှာ အမျိုးသားတစ်ဦးဟာ ရေနစ်နေတဲ့ လူငယ်နှစ်ဦးအား ကယ်ဆယ်ရင်းနဲ့ ကိုယ်တိုင်ရေနစ်သေဆုံးခဲ့ရမှု တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ပါတယ်။ ၀ပ်သီချုင်း ချာအွန်သမ်အမည်ရ အဆိုပါအမျိုးသားဟာ ပင်လယ်ကမ်းခြေမှာ လမ်းလျှောက်နေစဉ် လှိုင်းလုံတွေကြားထဲမှာ ကောင်လေးနှစ်ယောက်ရေနစ်ပြီး အကူညီတောင်းသံကို ကြားခဲ့တာကြောင့် ကူညီဖို့ ရေထဲကို ခုန်ဆင်းသွားခဲ့တာဖြစ်တယ်လို့ ၄င်းရဲ့ ဆွေမျိုတွေကပြောပါတယ်။
အဲဒီနောက် ကောင်လေးတွေကို ကမ်းစပ်ရောက်အောင် ကူညီနိုင်ခဲ့ပေမယ့်လည်း ခြေကုန်လက်ပန်း ကျနေတဲ့သူ့ကို နောက်ထပ် လှိုင်းလုံးတစ်ခုက ရိုက်ခတ်ခဲ့တာကြောင့် ပင်လယ်ထဲမျောပါကာ ရေနစ်သွားခဲ့ ရတာဖြစ်ပါတယ်။

အသက်ရှင်ကျန်ခဲ့တဲ့ ကောင်လေးနှစ်ယောက်ကတော့ အသက် ၁၅ နှစ် အရွယ် Singha Wangprai နဲ့ Suthang Wangprai တို့ဖြစ်ပြီး သေဆုံးသူရဲ့ ရုပ်အေလာင်းကိုတော့ ပင်လယ်ရေအနက် ၂၀၀ မီတာခန့်လောက်မှာ ရေငုပ်သမားကရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ဥထုန်သနီမြို့မှာ နေထိုင်တဲ့ အဆိုပါအမျိုးသားဟာ ကလေးနှစ်ယောက် ဖခင်ဖြစ်ပြီး မိသားစုနဲ့ အတူ ကမ်းခြေကို အလည်လာခဲ့ကြတာဖြစ်ပါတယ်။

No comments:

Post a Comment