Tuesday, June 11, 2019

ထိုင်းတွင် ပြုလုပ်မည့် အပစ်ရပ်အဖွဲ့များ အစည်းအဝေး တားမြစ်သူသည် မြန်မာစစ်သံမှူးဟု တပ်မတော်အတည်ပြု

အပစ်အခတ်ရပ်စဲရေး (NCA) လက်မှတ်ထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  ၁၀ ဖွဲ့၏ ထိုင်းနိုင်ငံ ချင်းမိုင်အ စည်းအဝေးကို တပ်မတော်၏ သီး ခြားညွှန်ကြားချက်ဖြင့် တားဆီး ခြင်းမဟုတ်ဘဲ ထိုင်းနိုင်ငံရှိ မြန် မာစစ်သံမှူးက သုံးသပ်ဆောင် ရွက်ခြင်းသာဖြစ်ကြောင်း တပ်မ တော် သတင်းမှန်ပြန်ကြားရေးအ ဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်  ဇော်မင်းထွန်းက ပြောသည်။ ကရင်အမျိုးသားအစည်းအ ရုံး(KNU)က အဆိုပြုထားသည့်  NCA လက်မှတ်ထိုးအဖွဲ့နှင့် မထိုး ရသေးသည့်အဖွဲ့တို့ ပါဝင်နိုင် မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အ တိုင်ပင်ခံအစည်းအဝေး (PPCM) စုဖွဲ့ရေးကိစ္စကို NCA  ထိုးပြီးအဖွဲ့ ၁၀ ဖွဲ့က ဇွန်လ ၈ရက်တွင် ချင်း မိုင်မြို့ တွေ့ဆုံဆွေးနွေးရန် စီစဉ် ခဲ့သည်။ သို့သော် ယင်းအစည်းအဝေးကို တားဆီးပေးရန် မြန်မာ စစ်သံမှူးက ထိုင်းအာဏာပိုင်ထံ သို့ ဇွန်လ ၇ ရက်စွဲဖြင့် စာပို့ခဲ့၍  အပစ်ရပ် ၁၀ ဖွဲ့အစည်းအဝေးကို ထိုင်းအာဏာပိုင်များက ကျင်းပ ခွင့်မပြုခဲ့ပေ။

‘‘ဒီကနေ  သီးခြားညွှန်ကြား ချက်တော့မရှိဘူး။ စစ်သံမှူးအ နေနဲ့ အခြေအနေကို သုံးသပ်ပြီး တော့ ဆောင်ရွက်တာဖြစ်ပါလိမ့် မယ်။ စစ်သံမှူးအနေနဲ့ တပ်မ တော်ကိုယ်စားပြုပြီး ဆောင်ရွက် တာဖြစ်ပါတယ်’’ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)ဖျက်သိမ်း ကာ PPCM အဖြစ် ပြောင်းလဲရန် ကြိုးပမ်းမှုအပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစုက သဘောမတူဟု သတင်းများအရ  သိရကြောင်း၊ KNU အဖွဲ့တွင်း၌ ပင် PPCM စုဖွဲ့မှုတွင် သဘော ထား ကွဲလွဲနေသည်ဟု သိရ ကြောင်း၊ ထို့ကြောင့် စစ်သံမှူးက အခြေအနေကို သုံးသပ်ကာ အ စည်းအဝေးကို တားမြစ်ခဲ့သည်ဟုယူဆကြောင်း ၎င်းကဆိုသည်။

‘‘အဓိကကတော့ ဒီဆောင် ရွက်မှုဟာ  ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အပေါ်မှာ ထိခိုက်လာနိုင် တယ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ အကျိုးဖြစ်ထွန်းမှု နည်းနိုင် တယ်လို့  သုံးသပ်ပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါလိမ့်မယ်’’ဟု ဗိုလ် မှူးချုပ် ဇော်မင်းထွန်းက ပြော သည်။

NCA လက်မှတ်ထိုးပြီးသည့်  သုံးနှစ်ကျော်အတွင်း အပစ်ရပ်အဖွဲ့များ၏ အစည်းအဝေး ကန့် ကွက်ခံရမှုသည် ပထမဆုံးအကြိမ်ဖြစ်သည်။

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် အားလုံးပါဝင်ရေးဆောင် ရွက်ရန် လိုအပ်၍ NCA လက်မှတ် ထိုးအဖွဲ့နှင့် မထိုးသည့်အဖွဲ့တွေ့ ဆုံခြင်းကိစ္စအပေါ် တားမြစ်ရန် မသင့်ကြောင်း၊  ယင်းသို့ ပိတ်ပင် ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အပေါ်  အကျိုးသက်ရောက်မှု တစ်ခုခုရှိလာမည်ကို စိုးရိမ်ကြောင်း KNU အထွေထွေအတွင်း ရေးမှူးချုပ် ပဒိုစောတာဒိုမူးက  ပြောသည်။

PPCM စုဖွဲ့မှု  လုပ်ဆောင် ရန် သင့်၊ မသင့်နှင့် ပတ်သက်ပြီး အပစ်ရပ် ၁၀ ဖွဲ့၏ အလုပ်အဖွဲ့ အတွင်း ဆွေးနွေးညှိနှိုင်းဆောင် ရွက်မည့်ကိစ္စအပေါ် တပ်မတော် ဘက်က သတင်းအချက်အလက်  စုံလင်စွာမရရှိဘဲ သံသယဖြစ်ပေါ် လာခြင်းကြောင့်  ယခုကဲ့သို့ တား မြစ်ခြင်းဖြစ်နိုင်ကြောင်း ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO) ဦးဆောင်နာယက  ဗိုလ်မှူးကြီးခွန်ဥက္ကာက  သုံးသပ် သည်။

‘‘မနှစ်က ထိပ်သီးအစည်းအဝေးပြီးတဲ့နောက်ပိုင်းမှာ ဟိုအဖွဲ့က ယာယီထွက်၊ ဒီအဖွဲ့က ယာယီထွက်တွေဖြစ်လာ၊ နည်းနည်း လေး ဇာတ်လမ်းကရှုပ်လာတဲ့အ ခါ အခုလိုတွေ့ဆုံမယ်၊ ညှိမယ်ဆိုရင် ဘာတွေများလုပ်ဦးမလဲ၊ ရလဒ်က ဘယ်လိုဖြစ်မလဲ  အဲဒီလို တွက်တယ်နဲ့ တူပါတယ်။  သတိ ထားတဲ့သဘောမျိုး၊ သတိအထားလွန်တဲ့ သဘောမျိုးဖြစ်ပြီး  သုံးသပ်တာနဲ့ တူပါတယ်။ ဘယ်သူ့မှတော့ အပြစ်မတင်ပါဘူး။ နားလည်မှုလွဲတတ်ပါတယ်။ ရှင်းရှင်းလင်းလင်း မသိတဲ့အချိန်မှာ ဖြစ်တတ်ပါတယ်’’ဟု ၎င်းကပြောသည်။  ထို့အတွက်ကြောင့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်အပေါ် ကြီး မားစွာ သက်ရောက်မှု မရှိနိုင် ကြောင်း၊ NCA လမ်းကြောင်းအရ ဆောင်ရွက်သည့် အစည်းအဝေး များတွင် ယခုကဲ့သို့ အနှောင့်အယှက်ရှိမည်ဟု မထင်ကြောင်း လည်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆက်လက်ပြောသည်။

No comments:

Post a Comment