Tuesday, June 11, 2019

ဟဲဗီးဝိတ် အကျော်အမော် ဝိုင်ဒါနှင့် တိုင်ဆန်ဖျူရီတို့ မကျေပွဲ ပြန်ထိုးမည်

ဟဲဗီးဝိတ် အကျော်အမော်တွေဖြစ်တဲ့ ဒီယွန်တေးဝိုင်ဒါနဲ့ တိုင်ဆန်ဖျူရီတို့ဟာ လာမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ မတိုင်မီ မကျေပွဲ ပြန်လည်ထိုးသတ်ဖို့ ရှိနေပါတယ်။ ဝိုင်ဒါကတော့ လာမယ့်စက်တာဘာလလောက်မှာ အောတစ်ဇ်နဲ့ ထိုးသတ်သွားဖို့ရှိနေပြီး လေ့စ်အိန်ဂျလိစ်၊ နယူးယောက် သို့မဟုတ် လတ်စ်ဗီးဂတ်စ်မှာ ထိုးသတ်သွားဖို့ ရှိနေပါတယ်။ ဖျူရီနဲ့ ဝိုင်ဒါတို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထိုးသတ်ခဲ့ကြပြီး အငြင်းပွားဖွယ်ရလဒ်တွေနဲ့ သရေကျခဲ့တာကြောင့် အခုလို မကျေပွဲ ပြန်လည်ထိုးသတ်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။ ဝိုင်ဒါကတော့ နောက်ထပ်ပွဲစဉ်တပွဲဖြစ်တဲ့ ဟဲဗီးဝိတ် နာမည်ကြီး အန်တိုနီဂျော်ရွှာနဲ့ ထိုးသတ်ဖို့ ပြင်ဆင်ထားပေမယ့် ဂျော်ရွှာဟာ ပြီးခဲ့တဲ့ရက်ကပဲ အန်ဒီရူအိဇ်ကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့လို့ ပွဲပျက်သွားမယ့် အခြေအနေမှာ ရှိနေပါတယ်။

No comments:

Post a Comment