Tuesday, June 11, 2019

ဂျီ-၂၀ အစည်းအဝေးတွင် စီကျင်းပင်နှင့် ဒေါ်နယ်ထရန့် တွေ့ဆုံရေး တရုတ်အစိုးရ နှုတ်ဆိတ်နေ

ဂျီ-၂၀ ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတ စီကျင်းပင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ တွေ့ဆုံနိုင်ခြေ နှင့်ပတ်သက်၍ ကြေညာခြင်းမရှိ သေးသော်လည်း အမေရိကန်နှင့် ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုများအတွက် လမ်းဖွင့်ထား ကြောင်း တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာနက ပြောသည်။ ဇွန်လကုန်ကျင်းပမည့် ယင်း ထိပ်သီး အစည်းအဝေးပွဲတွင် စီကျင်းပင်နှင့် တွေ့ဆုံဆွေးနွေး ရန် အသင့်ရှိနေကြောင်း ထရန့် က အစဉ်တစိုက် ထုတ်ဖော်ပြော ထားသော်လည်း တရုတ်အစိုးရ က အတည်မပြုသေးပေ။ ပြီးခဲ့သည့်နှစ်က ဗျူနိုအေး ရိ့စ် ထိပ်သီးတွေ့ဆုံပွဲတွင် ခေါင်း ဆောင်နှစ်ဦး တွေ့ဆုံပြီးနောက် ထပ်မံတွေ့ဆုံမည်လား ဆိုသည် ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဂန် ရှောင်းက အတည်မပြုခဲ့ပေ။



သို့သော် လတ်တလောအ တွင်း အမေရိကန်ဘက်က စီကျင်း ပင်-ထရန့် ဆွေးနွေးပွဲအတွက် စီစဉ်နိုင်ရန် မျှော်လင့်ကြောင်း ကြိမ်ဖန်များစွာ ပြောထားသည် ကို တရုတ်အနေဖြင့် သတိပြုမိ သည်ဟု ဆိုသည်။

‘‘ဒီကိစ္စနဲ့ပတ်သက်ပြီး ခိုင် မာမှုရှိရင် တရုတ်ဘက်ကလည်း အချိန်မီထုတ်ပြန်မှာပါ။ ကုန်သွယ်ရေးအငြင်းပွားမှုနဲ့ ပတ်သက်လို့ တရုတ်ရပ်တည်ချက်က အရှင်း ကြီးပါ။ ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်မပါချင်ဘူး။ ဒါပေမဲ့ ဘယ် သူ့ကိုမှ မကြောက်ပါဘူး။ အမေ ရိကန်ဘက်က ဆွေးနွေးလိုစိတ်ရှိ တယ်ဆိုရင် ကျွန်တော်တို့ဘက် က တံခါးဖွင့်ထားပါတယ်။ အမေ ရိကန်ဘက်က ကုန်သွယ်ရေးပွတ် တိုက်မှု ဆက်မြှင့်နေရင်တော့ ကျွန်တော်တို့က အခိုင်အမာတုံ့ ပြန်ပြီး အဆုံးအထိ တိုက်ပွဲဝင်မှာ ပါ’’ဟု ဂန်ရှောင်းက ပြောကြား သည်။

No comments:

Post a Comment