Tuesday, June 11, 2019

ဖမ်းမိ ဆေးခြောက်များ မီးရို့ ဖျက်ဆီးတာမျိုး မလုပ်ရန် နာမည်ကြီးအဆိုတော် ရင့်ယုန် အိုဖါကွန် နဲ့  ဆေးခြောက်ချစ်သူများက တောင်းဆို

ထိုင်းတနိုင်ငံလုံးက ဖမ်းမိတဲ့ ဆေးခြောက် ၂၂ တန်ကို မီးရို့ ဖျက်ဆီးမယ့် အစား ရောဂါဖြစ်နေသူတွေအတွက် ဆေးဖေါ်စပ်ရာမှာ သုံးဘို့  ထိုင်းနိုင်ငံက နာမည်ကြီးအဆိုတော် အက် ကာရဘောင် နဲ့ ပြည်သူ ၅၀၀ကျော်ဟာ လမ်းလျှောက်ပြီး လက်ရှိအစိုးရ ၀န်ကြီးချုပ် ပရယု ကျန်အိုချာကို တောင်းဆိုခဲ့ကြောင်းသိရပါတယ်။



အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ နာမည်ကြီး အဆိုတော် ရင်ယုန် အိုဖါကွန် (ကာရဘောင်နံမည်မှာ တီးဝိုင်းအမည်ဖြစ်ပါသည်) ကို ထိုင်းအနုပညာလောကသားတွေက ဖိအက် လို့  ခေါ်ာကပါတယ်။ ထိုင်းနိုင်ငံရေးနဲ့  ပါတ်သက်ပြီး သီချင်းတွေသာ ရေးသား သီဆိုပေးခဲ့ပြီး ပါတီနိုင်ငံရေးကို ၀င်မပါခဲ့သူဖြစ်ပါတယ်၊ဆေးခြောက်မီးရို့  မယ့် အရေးမှာ သူ့ အနေနဲ့  သဘောမတူ ဖြစ်ပြီး သူ့ မွေးရပ်မြေ ဆူဖန်ဘူရီမှာ လမ်းမပေါ် ထွက်ခဲ့ပြီး လေးကီလိုမီတာအဝေးထိ လမ်းလျှောက် တောင်းဆိုခဲ့တာပါ။

အက် ကာရဘောင် ရဲ့  မိဘတွေဟာ တရုတ်နွယ်ဖွားတွေဖြစ်ပါတယ်၊ Made in Thailand သီချင်း အယ်ဘန် နဲ့ စတင်နာမည်ကြီးခဲ့ပြီး ခုချိန်အထိ ထိပ်တန်း အောင်မြင်ကျော်ကြားဆုံး အဆိုတော်အဖြစ် ရှိနေဆဲပါ။

သူ့ ရဲ့  ကာရဘောင်နီ အချိုရည် လုပ်ငန်းဟာလည်း ၀င်ငွေအရဆုံး စီးပွားရေး လုပ်ငန်းဖြစ်နေပါပြီ။

ထိုင်းနိုင်ငံမှာ ပိုလီယို နဲ့ ကင်ဆာရောဂါဝေဒနာ ရှင်တွေကို ဆေးခြောက်နဲ့  ဖေါ်စပ်တဲ့အဆီ နဲ့  ကုသခွင့်ရရေး အတွက် ကာရဘောင်ဟာ တက်တက်ကြွကြွ ပါဝင် လှုံ့ ဆော် ပေးခဲ့တာ တွေ့ ရပါတယ်။

No comments:

Post a Comment