Tuesday, June 11, 2019

ငွေအလွဲသုံးစားလုပ်မှုကိစ္စ သတင်းမီဒီယာကောင်စီက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ စစ်ဆေးနေ

သတင်းသမားတွေကို အင်္ဂလိပ်စာသင်တန်းပို့ချဖို့အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ(MPC)က ထောက်ပံ့ခဲ့တဲ့ ဘတ်ဂျက်ငွေနဲ့ ပတ်သက်ပြီး ကောင်စီဝင်တဦးက အလွဲသုံးစားပြုလုပ်တယ်ဆိုတဲ့ကိစ္စကို စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး ဇွန် ၁၀ ရက်က စတင်စစ်ဆေးနေပါတယ်။ အဖွဲ့ဝင် ၄ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မတီက စစ်ဆေးလို့ရတဲ့အချက်အလက်ကိုပဲ သတင်းမီဒီယာကောင်စီကို ပြန်တင်ရမှာဖြစ်ပြီး ကျန်တဲ့အရေးယူမှုအပိုင်းကိစ္စကတော့ ကောင်စီကပဲ ဆုံးဖြတ်သွားမယ်လို့ စစ်ဆေးရေးကော်မတီဝင် တဦးဖြစ်တဲ့ ရှေ့နေ ဦးကျော်ဇေယျက ပြောပါတယ်။



ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်တဲ့သူတွေကိုခေါ်ယူမေးမြန်းပြီး အချက်အလက်ယူတာတွေ လုပ်နေပြီဖြစ်သလို စစ်ဆေးမှုက အချိန် အများဆုံး သီတင်း ၂ ပတ်လောက်ပဲကြာမယ်လို့ လည်းပြောပါတယ်။

အခုလို ငွေကြေးအရှုပ်အရှင်းကိစ္စနဲ့ပတ်သက်လို့ မြန်မာအမျိုးသမီးသတင်းများအဖွဲ့က သူတို့အဖွဲ့နဲ့ သက်ဆိုင်ခြင်းမရှိကြောင်း ဇွန်လ ၉ ရက်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒီကြေညာချက်ထဲမှာတော့ သတင်းထောက်တွေ အင်္ဂလိပ်သင်တန်းအတွက် နေရာသာပေးခဲ့တာဖြစ်ပြီး ငွေကြေး အပေးအယူကိစ္စနဲ့ပတ်သက်ပြီး ကော်မတီဝင်တွေကို အကြောင်းကြားပြောဆိုတာမရှိသလို ငွေကြေးအရလည်း ပတ်သက်မှု မရှိဘူးလို့ ဖော်ပြ ထားပါတယ်။

No comments:

Post a Comment