Tuesday, June 11, 2019

အိန္ဒိယအရှေ့မြောက်ပိုင်းသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကွန်ရက်နှင့် မြန်မာကြား ပူးပေါင်းဆောင်ရွက်မှုကို စူးစမ်းလေ့လာခြင်း

အိန္ဒိယအစိုးရသည် စွမ်း အင်အမျိုးမျိုးထုတ်ယူသုံးစွဲရာ တွင် သဘာဝဓာတ်ငွေ့ရှယ်ယာ ကို ၂၀၃၀ မတိုင်မီ ၁၅ ရာခိုင်နှုန်း သို့ တိုးမြှင့်ခြင်းဖြင့် သဘာဝဓာတ် ငွေ့အခြေခံစီးပွားရေးအကောင် အထည်ဖော်ရန် ရည်ရွယ်ချက်ရှိ နေသည်။ ထို့ကြောင့် အိန္ဒိယအစိုးရ သည် အခြားရုပ်ကြွင်းလောင်စာ များနှင့် နှိုင်းယှဉ်ပါက ထိရောက်မှု ရှိပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော သဘာဝ ဓာတ်ငွေ့ကို တိုးမြှင့်သုံးစွဲရန် ခြေ လှမ်းစလှမ်းခဲ့သည်။



ယင်းခြေလှမ်းကို ၂၀၁၆ က စတင်ခဲ့ပြီး နောက်ပိုင်း Pradhan Mantri Ujjwala Yojana (PMUY) စီမံကိန်းအရ LPG ဆ လင်ဒါအိုးများပျံ့နှံ့သုံးစွဲမှုသည်  ၂၀၁၄ က ၅၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအခါ ၉၀ ရာခိုင်နှုန်းကျော်  သို့ သိသိသာသာတိုးလာသည်။

PMUY စီမံကိန်းသည် သ ဘာဝဓာတ်ငွေ့အရည် LPG  ဆ လင်ဒါအိုးများကို မီးဖိုချောင်သုံး လောင်စာအဖြစ် ဝေငှထောက်ပံ့ ပေးခြင်းဖြစ်သည်။

၂၀၁၄ အထိအိန္ဒိယတွင် ခရိုင် ၆၆ ခုသာ ‘မြို့တော်သဘာ ၀ဓာတ်ငွေ့ပေးဝေရေးကွန်ရက်’  ကို လက်လှမ်းမီခဲ့ပြီး ၂၀၁၈ တွင်  ၁၇၄ ခရိုင်ရရှိနိုင်အောင်ဆောင် ရွက်ပေးခဲ့ကာ လာမည့်နှစ်များ အတွင်း ခရိုင် ပေါင်း ၄၀၀ တွင် ရရှိအောင် ပစ်မှတ်ထားနေသည်။

ထို့အပြင် CNG ဓာတ်ငွေ့  အရောင်းဆိုင်အရေအတွက် လည်း ၂၀၁၈ က ၁,၄၀၀ ရှိရာမှ  လာမည့် ဆယ်စုနှစ်တစ်ခုအတွင်း   ဆိုင်ပေါင်း ၁၀,၀၀၀  ရှိစေရန်ပစ် မှတ်ထားနေသည်။

ယခုအခါ အိန္ဒိယသည်အဆို ပါအနာဂတ်စွမ်းအင်ပစ်မှတ်များ ကို ဖြည့်ဆည်းရန် ဓာတ်ငွေ့ ထုတ်လုပ်သူအမြောက်အမြား ကြားရွေးချယ်ခွင့်ရလာသည်။

အိန္ဒိယပြည်တွင်း ရေနံပိုက် လိုင်းများကို ပြည်နယ်အမျိုးမျိုး တွင်ချဲ့ထွင်နေပြီး ဓာတ်ငွေ့ ထောက်ပံ့မှုစိတ်ချသေချာစေရန် အိန္ဒိယသည် ၁၄,၂၃၉ ကီလိုမီ တာရှည်လျားသော သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုကို တည်ဆောက်နေသည်ဟု ဆို သည်။

အစဉ်အလာအားဖြင့် လက် ရှိအချိန်အထိ အိန္ဒိယအနောက် ပိုင်းနှင့် မြောက်ပိုင်းဒေသအတော် များများသည် သဘာဝဓာတ်ငွေ့   အဓိကသုံးစွဲသူများဖြစ်သည်။

ထို့ကြောင့် အိန္ဒိယအရှေ့ မြောက်ပိုင်းဒေသများတွင် သဘာ ၀ဓာတ်ငွေ့အရန် ပမာဏအ မြောက်အမြားရရှိစေရေး အိန္ဒိယ အစိုးရအနေဖြင့် ယင်းဒေသများ ကို အမျိုးသားသဘာဝဓာတ်ငွေ့  ကွန်ရက်နှင့် ချိတ်ဆက်ပေးနိုင် ရန်ဆောင်ရွက်နေသည်။

အမျိုးသားသဘာဝဓာတ် ငွေ့ကွန်ရက်နှင့် ချိတ်ဆက်မိ သည်နှင့် တစ်ပြိုင်နက်အိန္ဒိယအ ရှေ့မြောက်ပိုင်းဒေသများသည်  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ် ငန်းဆောင်တာများအတွက်ဓာတ် ငွေ့ထောက်ပံ့မှုရရှိမည် ဖြစ် သည်။

သဘာဝဓာတ်ငွေ့ကို ရေ ရှည်ထောက်ပံ့ပေးနိုင်မှုက အိန္ဒိ ယအရှေ့မြောက်ပိုင်းပြည်နယ် များတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုများကဲ့သို့သော လုပ်ငန်းဆောင် တာများအတွက် အရေးပါသော ကဏ္ဍမှပါဝင်မည်ဖြစ်သည်။

နိုင်ငံအရှေ့မြောက်ပိုင်းရှိ ထင်ရှားသောပြည်နယ်အချို့ကို အလှမ်းမီရောက်ရှိသော ‘မြို့ တော်ဓာတ်ငွေ့ဖြန့်ဖြူးရေးကွန် ရက်’ ကို အဆင့် (၃) ဆင့်ဖြင့် စီစဉ်ထားပြီး ၂၀၃၀ မတိုင်မီပြီးစီး မည်ဟု မျှော်လင့်ရသည်။

နိုင်ငံအရှေ့ပိုင်းဒေသတွင် စွမ်းအင်ဖူလုံမှုစိတ်ချသေချာစေ ရေးသြဒိသပြည်နယ်ရှိဒဟာမာ ဆိပ်ကမ်းတွင် သဘာဝဓာတ်ငွေ့ ရည်  ပမာဏအမြောက်အမြား တင်သွင်းမှုကိုလက်ခံရန် ပြင်ဆင် ဆောင်ရွက်နေသည်။

ယင်းဆိပ်ကမ်းမှ သဘာဝ ဓာတ်ငွေ့ရည်များကို အိန္ဒိယအ ရှေ့ပိုင်းရှိ ‘မြို့တော်ဓာတ်ငွေ့ဖြန့် ဖြူးရေးကွန်ရက်’ နှင့် ဓာတ်မြေသြ ဇာဓာတ်ရုံများ၏ လိုအပ်ချက်အ တွက် ထောက်ပံ့ပေးမည်ဖြစ် သည်။

အိန္ဒိယအနေဖြင့် သဘာဝ ဓာတ်ငွေ့ကို မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ဧရိယာများရှိအသစ် ဖော်ဆောင်နေသာ စွမ်းအင်လုပ် ကွက်များမှ ရယူနိုင်ခြေကို ထည့် သွင်းစဉ်းစားထိုက်သည်။

ပထ၀ီဝင်အရ အိန္ဒိယအ ရှေ့မြောက်ပိုင်းသည် မြန်မာနိုင်ငံ နှင့် ပိုမိုနီးကပ်သောကြောင့် သ ဘာဝဓာတ်ငွေ့ကုန်သွယ်ရေး တွင်ပူးပေါင်းဆောင်ရွက်ရန် ဖြစ် နိုင်ခြေများကို အိန္ဒိယအနေဖြင့် စဉ်းစားထိုက်ခြင်းဖြစ်သည်။

အိန္ဒိယသည် မြန်မာနှင့်  ပိုက်လိုင်းဖောက်လုပ်ရန် ၂,၀၀၀ ပြည့်နှစ်ကာလတစ်ဝိုက်ကကြိုး ပမ်းခဲ့ဖူးသော်လည်း အရာမထင် ဖြစ်ပြီး ထိုအချိန်က မြန်မာသည်  တရုတ်နိုင်ငံကို ပိုက်လိုင်းဖောက်  လုပ်ခွင့်ပြုရန်ဆုံးဖြတ်ခဲ့သည်။

လောလောဆယ်တွင် မြန် မာနိုင်ငံ၌ ပြည်ပသို့တင်ပို့ရန် သဘာဝဓာတ်ငွေ့အပိုအလျှံမရှိ ပေ။  မြန်မာနိုင်ငံကိုယ်၌ပင် သ ဘာဝဓာတ်ငွေ့ရည်ကို ပြည်ပမှ တင်သွင်းရန် အာရုံစိုက်နေသည် ဟုဆိုသည်။

သို့သော် မြန်မာသည် ယခု နှစ်အတွင်း စွမ်းအင်လုပ်ကွက် များအတွက် လေလံဖွင့်ရန် စဉ်း စားနေကြောင်း မီဒီယာတစ်ခုက ဖော်ပြသည်။

မဝေးတော့သည့် အနာဂတ်   တွင် မြန်မာနိုင်ငံ၌ သဘာဝဓာတ် ငွေ့ရှာဖွေတွေ့ရှိမှုအချို့ပြုလုပ် နိုင်ခဲ့ပါက အိန္ဒိယအနေဖြင် မြန် မာ့သဘာဝဓာတ်ငွေ့အပိုအလျှံ  မှန်သမျှကို အိန္ဒိယအရှေ့မြောက် ပိုင်းပြည်နယ်များသို့တင်ပို့နိုင် ရေး ပိုက်လိုင်းဖောက်လုပ်ရန်ကြို ပမ်းနိုင်ဖွယ်ရှိသည်။

ယင်းပိုက်လိုင်း တည် ဆောက်ခြင်း၏အကျိုးကျေးဇူး များအနက်တစ်ခုမှာ အိန္ဒိယအ ရှေ့မြောက်ပိုင်းပြည်နယ်များ သည် မြန်မာနိုင်ငံနှင့် ပထ၀ီအ နေအထားအရ နီးကပ်ခြင်း ကြောင့် ဓာတ်ငွေ့များသယ်ယူပို့  ဆောင်ရာတွင်ဈေးနှုန်းတတ်နိုင် မည်ဖြစ်သည်။

ဒုတိယအနေဖြင့် အိန္ဒိယ သည်အရှေ့တောင်အာရှနိုင်ငံ များနှင့် ဆက်ဆံရေးသစ်တည် ဆောက်ရန်ကြိုးပမ်းနေခြင်းဖြစ် ပြီး အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ အကြားနယ်စပ်ဖြတ်ကျော်သဘာ ၀ဓာတ်ငွေ့ပိုက်လိုင်းက အပြန် အလှန်ပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်း ချိတ်ဆက်မှု၏ အရေး ပါသောသင်္ကေတတစ်ခုဖြစ်လာ မည်ဖြစ်သည်။

မြန်မာအနေဖြင့် မြန်မာ့ ဓာတ်ငွေ့အတွက် အိန္ဒိယအရှေ့ မြောက်ပိုင်းပြည်နယ်များတွင် အ လားအလာရှိ၍  ကြီးပွားတိုးတတ်  သောစွမ်းအင်ဈေးကွက်ရှိနေ သည်ကို သတိပြုမိရန်လိုသည်။

ယင်းအကြောင်းအရာများ က အိန္ဒိယ၏ အရှေ့မြောက်ပိုင်း  သဘောဝဓာတ်ငွေ့ကွန်ရက်နှင့် အလားအလာရှိသော မြန်မာ့အ ရန်စွမ်းအင်များသည် တစ်ခုနှင့် တစ်ခုအကျိုးပြုနိုင်သည်။

ထို့ကြောင့် အိန္ဒိယအစိုးရ အနေဖြင့်အိန္ဒိယအရှေ့မြောက် ပိုင်းစွမ်းအင်လိုအပ်ချက်ကို ဖြည့် ဆည်းရန် မြန်မာနိုင်ငံနှင့် အပြန် အလှန်အကျိုးပြုသောသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းတစ်လိုင်း ဖောက်လုပ်ရေးအကြံအစည်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ် သည်။

No comments:

Post a Comment