Tuesday, June 11, 2019

မော်လမြိုင်တပ်နယ်၏ အမှတ်(၁) ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲအား သန္တိသုခဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား ကျောင်းသူ ၁၁၄ ဦး တက်ရောက်ခဲ့

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ မော်လမြိုင်တပ်နယ်၏ အမှတ်(၁) ဓမ္မစကူးလ်သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ သန္တိသုခဓမ္မာရုံ၌ပြုလုပ်ရာ မော်လမြိုင်၊ သဒ္ဓမ္မစေတနာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဇောတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဓမ္မစကူးလ်သင်တန်း ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။



ဦးစွာ မော်လမြိုင်မြို့ သဒ္ဓမ္မစေတနာ ကျောင်းတိုက် ဆရာတော်နှင့် ဓမ္မစကူးလ် ဖောင်ဒေးရှင်း ဆရာတော်တို့က သင်တန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး သံဃာတော်များနှင့် တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခြင်း၊ သဒ္ဓမ္မ စေတနာကျောင်းတိုက် ဆရာတော်ထံမှ ငါးပါး သီလခံယူ ဆောက်တည်ခြင်းနှင့် သြဝါဒခံယူ ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဓမ္မစကူးလ်သင်တန်းအား စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါသင်တန်းတွင် မော်လမြိုင်တပ်နယ်မှ ကျောင်းသား၊ ကျောင်းသူ ၁၁၄ ဦး တက် ရောက်ခဲ့ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment