Tuesday, June 11, 2019

နယူးယောက်မြို့လယ်ကောင်ရှိ အထပ်မြင့်အဆောက်အအုံတစ်ခုအမိုးပေါ်သို့ ရဟတ်ယာဉ်တစ်စီးပျက်ကျ၊ ယာဉ်မှူးသေဆုံး

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့လယ်ကောင် မန်ဟက်တန်ရပ်ရှိ ၅၄ထပ်အဆောက်အအုံတစ်ခု၏ အမိုးပေါ်သို့ ရဟတ်ယာဉ်တစ်စီးပျက်ကျရာ ရဟတ်ယာဉ်မှူးသေဆုံးခဲ့ကြောင်း အာဏာပိုင်များကပြောသည်။ ရဟတ်ယာဉ်ပျက်ကျသော အဆောက်အအုံမှာ မန်ဟက်တန်ရပ် ၅၁လမ်းနှင့် သတ္တမရိပ်သာလမ်းရှိ 787 Seventh Ave ဖြစ်ပြီး၊ ဒေသစံတော်ချိန် ဇွန်လ(၁၀)ရက် မွန်းလွဲ(၁)နာရီခွဲ ခန့်က ပျက်ကျခဲ့ခြင်းဖြစ်သည်။
ပျက်ကျမီးနောက် မီးလောင်ကျွမ်းခဲ့သည်။ အဆိုပါရဟတ်ယာဉ်သည် မန်ဟက်တန်အရှေ့ ၃၄လမ်းရှိ ရဟတ်ယာဉ်ကွင်းတစ်ခုတွင် ခရီးသည်တစ်ဦးအား ချပေးခဲ့ပြီးနောက် ရဟတ်ယာဉ်စခန်းရှိရာ လင်ဒန်(Linden)မြို့သို့ပျံသန်းစဉ် ယခုကဲ့သို့ ပျက်ကျခြင်းဖြစ်ကြေင်း လင်ဒန်မြူနီစီပယ်လေဆိပ်မှ အကြီးတန်းအရာရှိ တစ်ဦးကပြောသည်။ ထိုသို့ပျက်ကျခြင်းကြောင့် မြေပြင်မှ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းသိရသည်။ ရာသီဥတုမကောင်းသဖြင့် ပျက်ကျရသည်ဟု ပြောဆိုနေကြသော်လည်း ပျက်ကျရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်

No comments:

Post a Comment