Tuesday, June 11, 2019

ဖမ်းဝရမ်းထုတ်ထားသော ဦးပညာဝံသနှင့် မိုက်ကယ်ကျော်မြင့်ကို ဖမ်းမိ

ရန်ကုန်မြို့၌ လွန်ခဲ့သည့် ၂ နှစ်က အစိုးရ နုတ်ထွက်ပေးရေး သပိတ်စခန်းဖွင့် ဆန္ဒပြမှုကြောင့် ဖမ်းဝရမ်းထုတ်ခံရသူ ဆရာတော် ဦးပညာဝံသကို ယမန်နေ့ (ဇွန်လ ၁၀ ရက်)တွင် ရဲတပ်ဖွဲ့က ဖမ်း ဆီးခဲ့သည်။ ရန်ကုန်မြို့၌ ယမန်နေ့က ပြုလုပ်သည့် ဦးဝီရသူအရေး ဆုတောင်းဆန္ဒပြပွဲတွင် ပါဝင်လာ သော ဦးပညာဝံသကို ဖမ်းဆီးခြင်းဖြစ်ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ ‘‘ဆန္ဒပြပွဲမှာ ပါဝင်လာလို့ ဖမ်းဆီးလိုက်တာလို့ သိရတယ်။ ရဲတပ်ဖွဲ့က အမျိုးသားရေးလှုပ်ရှားတဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့သူတွေကို အကုန်လုံး ဖမ်းဆီးဖို့ ဆောင်ရွက်နေပါတယ်’’ဟု အဆိုပါရဲအရာရှိက ပြောသည်။

ရန်ကုန်သပိတ်စခန်းမှ ဆန္ဒပြသူ များသည် သပိတ်စခန်းစဖွင့်သော ၂၀၁၇ သြဂုတ် ၂ ရက်တွင် အစိုးရနုတ်ထွက်ပေးရေးကိုသာ တောင်းဆိုခဲ့သော်လည်း တတိယ မြောက်ရက်၌ ဗုဒ္ဓဘာသာကို နှိမ့် ချနေသည့် ဝန်ကြီးသူရဦးအောင် ကိုကို အမြန်ဆုံးဖြုတ်ချပေးရန်၊ ဖမ်းဆီးခံ အမျိုးသားရေးတက်ကြွ လှုပ်ရှားသူများကို ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံ၌ မရှိသည့် ခိုးဝင်ဘင်္ဂါလီများကို ကမ္ဘာကသိအောင် သမ္မတလက် မှတ်ထိုး၍ ကြေညာပေးရန် ဟူ သည့် အချက်သုံးချက်ကို ပြောင်း လဲတောင်းဆိုခဲ့သည်။

ရန်ကုန်သပိတ်အဖွဲ့ ဦး ဆောင်ဆရာတော် ဦးပညာဝံသ အပါအဝင် သံဃာနှစ်ပါးနှင့် လူ ပုဂ္ဂိုလ်ရှစ်ဦး စုစုပေါင်း ၁၀ ဦးကို ပုဒ်မ ၅၀၅(ခ) ဖြင့် ၂၀၁၇ သြဂုတ် ၄ ရက်တွင် ဗဟန်းမြို့နယ် တရား ရုံး၌ တရားစွဲဆိုဖမ်းဝရမ်းထုတ် ထားခြင်းဖြစ်သည်။ ဖမ်းဝရမ်း ထုတ်ခံရသူများအနက် အောင် သွေးဘော်ကို ရဲတပ်ဖွဲ့က ယခုနှစ် မေလ ၂၈ ရက်တွင် ဖမ်းဆီးခဲ့ သည်။ ထို့ကြောင့် ဖမ်းမမိသေး သူရှစ်ဦး ကျန်ရှိနေသေးသည်။

ဦးပညာဝံသဦးဆောင်၍ အ မျိုးသားရေးလှုပ်ရှားသူဆိုသူများ က လက်ရှိအစိုးရနုတ်ထွက်ပေး ရန် ရန်ကုန်မြို့ ကြေးသွန်းဘုရား ရှေ့တွင် ၂၀၁၇ သြဂုတ် ၂ ရက်မှ ၅ ရက်အထိ လေးရက်ကြာ သပိတ်စခန်းဖွင့်တောင်းဆိုခဲ့သည်။

ဦးပညာဝံသသည် ၂၀၁၇ မေလ ၁၃ ရက်တွင် မင်္ဂလာတောင် ညွန့်မြို့နယ် မြရာကုန်း၌ ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်၌ ပါဝင် မှုကြောင့် ပုဒ်မ ၅၀၅(ဂ)၊ ပုဒ်မ ၃၄ တို့ဖြင့် ထပ်မံအမှုဖွင့်ခံထားရ သည်။

ထို့အပြင် ယခုနှစ် မေလ ၁၅ ရက်က ဒဂုံမြို့သစ်တောင်ပိုင်း ၌ဖြစ်ပွားခဲ့သည့် အစ္စလာမ်ဘာ သာဝင်များ၏ဥပုသ်လဝတ်ပြုဆု တောင်းပွဲ တားဆီးပိတ်ပင်မှု ကြောင့် ထွက်ပြေးတိမ်းရှောင်နေ သော မိုက်ကယ်ကျော်မြင့်ကို ဇွန်လ ၁၀ ရက်တွင် မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ဖလန်းကျင်း ကျေးရွာ၌ ဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယမန်နေ့ ၌ သတင်းထုတ်ပြန်သည်။

မိုက်ကယ်ကျော်မြင့်သည် ယောက္ခမနေအိမ်သို့ ရောက်ရှိ ပုန်းခိုနေကြောင်း တာဝန်သိပြည် သူတစ်ဦး သတင်းပေးချက်အရ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီး ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

‘‘သူ့ရဲ့ဆွေမျိုးတွေရဲ့ မှတ်ပုံ တင်တွေကို လိုက်စစ်လိုက်တော့ ဝမ်းတွင်းမှာ ဆွေမျိုးတွေရှိတယ် ဆိုတာ သိရတယ်။ အဲဒီမှာ လိုက် စုံစမ်းပြီး ဖမ်းမိတာပါ။ ရန်ကုန်ကို ပြန်ခေါ်သွားမှာပါ’’ဟု ရန်ကုန်မြို့ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ မိုက်ကယ်ကျော်မြင့်သည် ပုဒ်မ ၅၀၅(ခ) ဖြင့် ဖမ်းဝရမ်း ထုတ်ခံရသူဖြစ်သည်။ မိုက်ကယ် ကျော်မြင့်နှင့်အတူ ဖမ်းဝရမ်း ထုတ်ခံရသည့် သီဟမျိုးနိုင်(နိုင် ဒဂုံ) သည် ဇွန်လ ၇ ရက်က လာ ရောက်အဖမ်းခံခဲ့သည်။

No comments:

Post a Comment