Friday, July 5, 2019

မြေယာပြဿနာအသံတိတ်ဆန္ဒဖော်ထုတ်ပွဲမှ အသုံးအနှုန်းအချို့တားမြစ်ခံရ

ကယားပြည်နယ် ဒီး မော့ဆိုမြို့တွင် ယမန်နေ့ကပြု လုပ်သည့် သိမ်းဆည်းမြေယာ ပြဿနာများ အမြန်ဆုံးဖြေရှင်း ပေးရေးအသံတိတ်ဆန္ဒထုတ်ဖော် ပွဲတွင် ‘စစ်တပ်၊ တပ်မတော်နှင့် ၀န်ကြီးချုပ်’ဟူသည့် အသုံးအနှုန်း များ အသုံးမပြုရန်တားမြစ်ခံရ ကြောင်း ဦးဆောင်သူများကပြော သည်။ အဆိုပါ အသုံးအနှုန်းများ အသုံးမပြုရန် တပ်မတော်နှင့် ဒေသအာဏာပိုင်များက တားမြစ် ခြင်းဖြစ်သည်ဟု အသံတိတ် ဆန္ဒ ထုတ်ဖော်ပွဲဦးဆောင်သူ ခွန်းလှ မင်းထွေးကပြောသည်။



ထို့ကြောင့် မူလဆိုင်းဘုတ် ပါတပ်မတော်နှင့် ၀န်ကြီးချုပ်အ မည်များကို ဆန္ဒထုတ်ဖော်သူများ  က တိပ်အနီများကပ်၍ ဖုံးကွယ်ခဲ့ ပြီး သိမ်းယူထားသောတောင်သူ မြေများကို ပြန်လည်ပေးအပ်ရန်၊ သိမ်းဆည်းမြေပြဿနာများကို အမြန်ဆုံးဖြေရှင်းပေးရန်၊ ဖမ်းဆီး ထိန်းသိမ်းထားသော တောင်သူ များကို ပြန်လည်လွှတ်ပေးရန်ဟု စာသားများ ပြင်ဆင်အသုံးပြုခဲ့ သည်။

‘‘တပ်မတော်လို့ ပြောရင် ပြည်သူတွေရဲ့အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးရမယ်။   အခုက ပြည်သူပိုင်မြေတွေကို သိမ်းတယ်။ ကျွန်တော်တို့တောင်း ဆိုတာက တောင်သူတွေကို မြေ တွေအမြန်ဆုံးပြန်လည်ပေးအပ် ဖို့ပါ။ ပြီးတော့ အစိုးရအနေနဲ့အ မြန်ဆုံးညှိနှိုင်းဖြေရှင်းပေးဖို့ပါ’’ ဟု ခွန်းလှမင်းထွေးကဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပ ခ) ပြောဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခင်မောင်ဝင်းထံယမန်နေ့ညနေ   ၆ နာရီကျော်ကဖုန်းဆက်သွယ်  သော်လည်း အဆက်အသွယ်မရ ပေ။

လေးနာရီခန့်ကြာ အသံ တိတ်ဆန္ဒထုတ်ဖော်မှုကို ဇူလိုင် ၄ ရက် နံနက် ၉ နာရီခွဲခန့်ကစ၍  ဒီးမော့ဆိုမြို့ လမ်းဆုံလမ်းခွနှင့် ငွေတောင်ဆည်ရှေ့တို့တွင် ဒေ သခံလူငယ်များနှင့် တောင်သူ အင်အား ၇၀ ခန့်ကပြုလုပ်ခြင်း ဖြစ်သည်။ လက်ရှိတွင် ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့နယ်အတွင်း ဒေသ ခံတောင်သူများနှင့် နယ်မြေခံတပ် မတော် တပ်ရင်းတို့အကြား မြေ ယာအငြင်းပွားမှုများ ဖြစ်ပေါ် နေပြီး တပ်မတော်က ဒီးမော့ဆို မြိ့နယ် ဒေါဆိုရှေ့ရွာနှင့် ဒေါ  မူကလားရွာ ဒေသခံတောင်သူ  ၁၂ ဦးကို အကျိုးဖျက်ဆီးမှု၊ ပိုင် နက်ကျူးလွန်မှု၊ ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှုနှင့် တာဝန် ၀တ္တရား နှောင့်ယှက်မှုတို့ဖြင့် သက်ဆိုင်ရာ ရဲစခန်းအသီးသီး၌ အမှုဖွင့်ထားသည်။

No comments:

Post a Comment