Friday, July 5, 2019

မီတာခတိုးမြှင့်ကောက်ခံခြင်းကြောင့် စားသောက်ကုန်ဈေးနှုန်းတချို့ ယခင်ထက်မြင့်တက်လာ

မီတာခတိုး မြှင့်ကောက်ခံခြင်းကြောင့် စားသောက် ကုန်ဈေးနှုန်းတချို့ ယခင်ထက်မြင့် တက်မှုရှိလာကြောင်း သိရသည်။ အဆိုပါမီတာခတိုးမြှင့်ကောက် ခံခြင်းကြောင့် ကုန်ကျစရိတ်ပိုမိုမြင့် တက်ကာ စားသောက်ကုန်တချို့၏ ဈေးနှုန်းများ ယင်းသို့မြင့်တက်လာ ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး သာကေ တမြို့နယ်တွင်နေထိုင်သူ ဒေါ်နီနီက""မီတာခမြင့်တက်တယ်ဆိုတာနဲ့ ကုန် ဈေးနှုန်းက လိုက်တက်လာတာပါပဲ။ လတ်တလောမှာ ဆန်၊ ဆီ၊ ဆားဈေး နှုန်းတွေက သိပ်မတက်ပေမယ့် အန် တီသုံးတဲ့ ငရုတ်အလှော်တောင့်၊ ဂေါ်ဖီတို့ ကြက်သွန်၊ ငါး၊ ကြက်သား ဈေးတွေက တက်လာတယ်။ အန်တီ က မုန့်ဟင်းခါး၊အသုပ်ဆိုင်ဖွင့်ထား တာပါ။ ဒါတွေကအမြဲသုံးနေရတာ။



ငရုတ်အလှော်တောင့်က အရင်က တစ်ပိဿာကျပ် ၆၀ဝ၀ နဲ့ ဝယ်ရ တယ်။ အခုဆို တစ်ပိဿာကျပ် ၆၈၀ဝ ဖြစ်သွားပြီ။ ဂေါ်ဖီဆိုလည်း ဈေးအရမ်းတက်လာလို့ ထည့်မ သုံးနိုင်တော့ဘူး။ အရင် ကျပ် ၆၀ဝ၊ ၇၀ဝ၊ ၈၀ဝ လောက်နဲ့ဝယ် ရတာဆိုရင် အခုတစ်ထုပ်ကို ကျပ် ၂၀ဝ၀၊ ၂၄၀ဝ အထိ တက် သွားတယ်။ကျပ် ၁၅၀ဝ၊၁၆၀ဝဆို တာအထုပ်သေးပဲရတာ။ အသား၊ ငါးဈေးတွေလည်းတက်တယ်။ငါး ဈေးကပိုသိသာတယ်။ တချို့ငါး တွေဆို သောင်းကျော်သွားတာ တွေပါရှိတယ်။ ဘာကြောင့် ဈေး တက်တယ်ဆိုတာမသိပေမယ့် သင်္ကြန်ဆိုလည်းဈေးတက်တယ်။ ဝန်ထမ်းလခတိုးတယ်ဆိုလည်း ဈေးတက်တယ်။ အခုမီတာခမြင့် တက်တယ်ဆိုလည်း ဈေးတက် တယ်""ဟု ဇူလိုင် ၃ ရက်က ဒီမို ကရေစီတူဒေးသို့ ပြောသည်။

လက်လီဈေးကွက်တွင် ကြက် သားတစ်ပိဿာလျှင် ယခင် ကျပ် ၆၀ဝ၀ ရှိရာမှ ယခုကျပ် ၈၀ဝ၀ သို့မြင့်တက်သွားပြီး အခြေခံစား သောက်ကုန်အမည်ဖြစ်သည့် ကြက် သွန်နီမှာ ယခင်တစ်ပိဿာလျှင် ကျပ် ၉၀ဝ ရှိသော်လည်း ယခု ကျပ် ၁၃၀ဝ၊ ဂေါ်ဖီတစ်ထုပ်လျှင် ယခင် ကျပ် ၆၀ဝ ဝန်းကျင်မှ ယခု ကျပ် ၂၀ဝ၀ ဝန်းကျင်၊ငါးမြစ်ချင်း တစ်ပိဿာလျှင် ယခင်ကျပ် ၃၅၀ဝ မှ ယခုကျပ် ၅၀ဝ၀ အထိ မြင့်တက်လာကြောင်း သိရသည်။

ဒေါ်နီနီက"ကုန်ဈေးနှုန်း တက်ပေမယ့်လည်း မုန့်ဟင်းခါး၊ အသုပ်ဈေးက လိုက်တက်လို့မရ သေးဘူး။ မရောင်းနိုင်တဲ့အဆုံးမှ သာ ဈေးနည်းနည်းတက်ဖြစ် မယ်။ ရပ်ကွက်မှာက ဈေးတက် ရင်ဝယ်စားတဲ့သူက နည်းတယ်။ဖောက်သည်မပျက်ချင်တော့ အ တတ်နိုင်ဆုံးစားတဲ့သူလည်း ကောင်းအောင်ကိုယ်လည်း အဆင် ပြေအောင်လုပ်ရတာပေါ့။ ဆိုင်တွေ ကတစ်ဆိုင်နဲ့တစ်ဆိုင်တော့ မတူ ဘူးပေါ့။ တချို့ဆိုင်တွေက ဈေး တက်တယ်။ တချို့ဆိုင်တွေက ဈေး မတက်ဘူး။ ဈေးမတက်ဘူးဆို ပေမယ့် မနက်ဝယ်စားတဲ့အီကြာ ကွေးတောင်အရင်က ကျပ် ၁၀ဝ အခု ကျပ် ၁၅၀ ဖြစ်သွားပြီ။လက် ဖက်ရည်လည်း ကျပ် ၅၀ဝ ကနေ ကျပ် ၆၀ဝ ဖြစ်သွားပြီ""ဟု ပြော သည်။

စားသောက်ဆိုင်များတွင် လည်း မီတာခတိုးမြှင့်ကောက်ခံ ခြင်းကြောင့်ကုန်ကျစရိတ်ပိုမိုမြင့်တက်လာကာ ဆက်လက်၍စား သောက်ကုန်ဈေးနှုန်းများမြင့် တက်မှုများရှိလာနိုင်ကြောင်း သိ ရသည်။မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းမှအကြီး တန်းဒုတိယဥက္ကဋ္ဌဦးခင်အောင် ထွန်းက""မီတာခတက်တာကြောင့် လုပ်ငန်းတွေကုန်ကျစရိတ်တက် တာမှန်ပါတယ်။ တတ်နိုင်သလောက် မလိုတာတွေမသုံးဘဲ မီတာကိုခြိုး ခြံချွေတာရမှာပေါ့။ နိုင်ငံတော်က မီတာခအရှုံးခံကောက်တာလည်း နှစ်တွေအများကြီးပါ။စားသောက် ကုန်ဈေးနှုန်းတက်တာမကြိုက် တာမှန်ပေမယ့်လည်း ကိုယ့်နိုင်ငံ မှာ လျှပ်စစ်ပိုမိုရရှိအောင်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလာပြီး လုပ်နိုင် အောင်မလုပ်နိုင်သေးဘူး။

longtime သွားဖို့ဆိုရင်ဖြစ်လာတဲ့ဈေး ကို ခဏတောင့်ခံရမှာပါ။ ဒါကို support လုပ်ပြီးတိုင်းပြည်ကို ဝိုင်းဝန်းကူညီမယ်ဆိုရင် ရေရှည် မှာ လျှပ်စစ်တွေပိုမိုကောင်းလာ နိုင်မယ်။ အလုပ်အကိုင်တွေပေါ များရရှိလာမယ်။ကြက်ဥနဲ့ကြက်မ ဘယ်ဟာအရင်စတယ်ဆိုတာ ထက် ဘယ်ဟာအရင်လုပ်မလဲဆို တာစဉ်းစားရမှာပါ။ ရေရှည်အ တွက်ကောင်းလာဖို့ အခုခဏ တောင့်ခံထားဖို့လိုပါတယ်""ဟု ပြောသည်။

ယင်းသို့ကုန်ပစ္စည်းများဈေး နှုန်းမြင့်တက်လာရာတွင် တချို့ ရောင်းချသူများက မီတာခမြင့် တက်ခြင်းကြောင့်မဟုတ်ဘဲ ဝိသမ စိတ်ဖြင့်ဈေးနှုန်းများကိုတင်ကာ ရောင်းချနေခြင်းများလည်း ဈေး ကွက်အတွင်းရှိနေကြောင်း သိရ သည်။
ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူဦးထွန်းညီက""မီတာကြောင့် ဆိုပြီး ဘာမှမဟုတ်ဘဲ ဈေးတက် နေတာတွေတွေ့နေရတယ်။ဥပမာ ရေသန့်ဘူးလိုကိစ္စပေါ့။ ခုနတင် ဖတ်လိုက်ရတာ မီတာခသုံးဆ တက်လို့ ရေသန့်ဘူးကြီးကိုကျပ် ၁၀ဝ၀ ယူတယ်ဆိုပြီးပေါ့။ ကျပ် ၁၀ဝ၀ ဆိုတာကတော်တော်များ တယ်။ ဒါကမီတာခတက်တာ ကြောင့် မဟုတ်တော့ဘူး။ ဝိသမ လောဘစိတ်ကြောင့်။ ဒီလိုလူမျိုး တွေကရှိတယ်။ ဒီလိုအချိန်တွေက သူတို့အတွက်လုပ်စားတဲ့အချိန် တွေ""ဟုပြောသည်။

No comments:

Post a Comment