Friday, July 5, 2019

အီရန်ရေနံတင်သင်္ဘောကို ဗြိတိန်တော်ဝင်ရေတပ်က သိမ်းဆည်း

အီရန်ရေနံတင်သင်္ဘောကို တရားမ၀င်သိမ်းပိုက်တယ်လို့ပြောတဲ့ဖြစ်စဉ်အတွက် ရှင်းလင်းပြောပြဖို့ အီရန်နိုင်ငံဆိုင်ရာဗြိတိန်သံအမတ်ကို အီရန်က ဆင့်ခေါ်ခဲ့ပါတယ်။ အီးယူရဲ့ပိတ်ဆို့မှုတွေကိုချိုးဖောက်ပြီး ဆီးရီးယားကိုဦးတည်နေတယ်ဆိုတဲ့သက်သေခိုင်လုံနေလို့ သိမ်းဆည်းဖို့ ဗြိတိန်နဲ့စပိန်တစ်ဝက်စီပိုင်တဲ့ဂီဘရယ်တာကျွန်းကအရာရှိတွေကို ဗြိတိန်တော်ဝင်ရေတပ်က ကူညီခဲ့ပါတယ်။


စပိန်ယာယီနိုင်ငံခြားရေးဝန်ကြီးက Grace 1ဆိုတဲ့အဲဒီသင်္ဘောကို အမေရိကန်ရဲ့တောင်းဆိုချက်အရ သိမ်းဆည်းတာလို့ ပြောပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူက သိမ်းဆည်းတဲ့လုပ်ရပ်ကို ဓားပြတိုက်တဲ့ပုံစံလုပ်ရပ်လို့ သမုတ်ပါတယ်။

အီရန်ရဲ့ပြောဆိုချက်ကို အဓိပ္ပာယ်မရှိဘူးလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရုံးက တုံ့ပြန်ပါတယ်။

ပနားမားနိုင်ငံအလံတင်ထားတဲ့Grace 1ကို ကြာသပတေးနေ့မနက်ပိုင်းမှာ ဂီဘရယ်တာနားမှာသိမ်းဆည်းခဲ့တာဖြစ်ပြီး သေနတ်တစ်ချက်မှမပစ်ဖောက်ဘဲ သိမ်းဆည်းခဲ့တာပါ။

No comments:

Post a Comment