Friday, July 5, 2019

တရုတ် အရှေ့မြောက်ပိုင်းတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူခြောက်ဦး သေဆုံး

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်တွင် ဇူလိုင် ၃ ရက်က လေဆင်နှာမောင်းတိုက်ခတ်ခဲ့ခြင်းကြောင့် လူခြောက်ဦးသေဆုံးခဲ့ပြီး လူ ၁၉၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CCTV သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ လူပေါင်း ၅၀ဝ၀ဝ၀ ဝန်းကျင်နေထိုင်သည့် ခိုင်ယွမ်မြို့တွင် လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် နေအိမ် ၃၆၀ဝ နီးပါးပျက်စီးခဲ့ပြီး မြို့နေပြည်သူ ၉၉၀ဝ ကျော် သဘာဝဘေးဒဏ်ခံစားခဲ့ရကြောင်း CCTV သတင်းဌာနက ဆိုသည်။ CCTV ၏ တရားဝင် CCTV စာမျက်နှာတွင် ထုတ်လွှင့်ခဲ့သော ရုပ်သံဗီဒီယိုတစ်ခု၌ ခိုင်ယွမ်မြို့ အထူးစီးပွားရေးဇုန်အတွင်းရှိ အဆောက်အအုံအများအပြား ပြိုကျပျက်စီးနေမှုကို တွေ့မြင်ခဲ့ရသည်။ လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခြင်းများသည် တရုတ် အရှေ့မြောက်ပိုင်းဒေသတွင် မြင်တွေ့ရခဲသည့် သဘာဝဘေးအန္တရာယ်ဖြစ်ကြောင်း Global Times သတင်းစာတွင် ဖော်ပြထားသည်။



ယခုနှစ်အတွင်း တရုတ်နိုင်ငံရှိ အချို့သောဒေသများတွင် အပူချိန်အဆမတန် မြင့်တက်ခြင်း၊ မိုးခေါင်ခြင်းနှင့် ရေကြီးခြင်းများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရာသီဥတုပြောင်းလဲမှုကြောင့် ပိုမိုပြင်းထန်သော မိုးလေဝသအခြေ  အနေများဖြစ်စေနိုင်သည်ဟု တရုတ်နိုင်ငံ မိုးလေဝသဌာနက ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်မြောက်ပိုင်း ဟီပေပြည်နယ်တွင် နေ့အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယက်စ် ကျော်ရှိနေခြင်းကြောင့် ထိုပြည်နယ်တွင် ဇူလိုင် ၄ ရက်က အပူချိန်လွန်ကဲမှု အနီရောင်အဆင့်သတိပေးချက်ကို ထုတ်ပြန်ထားရသည်။

No comments:

Post a Comment