Friday, July 5, 2019

ထိုင်းဘက်ကမ်းမှမြဝတီမြို့သို့ စက်လှေဖြင့်ကျောင်းလာတက်ကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ၏သားသမီးများအန္တရာယ်ကင်းစေရန် အသက်ကယ်အင်္ကျီများဝတ်ဆင်ပေး

 ထိုင်းနိုင်ငံဘက် ၌ နေထိုင်အလုပ်လုပ်ကိုင်နေကြ သော မြန်မာရွှေ့ပြောင်းအလုပ် သမားများ၏ သားသမီးများဖြစ် သော ကျောင်းသား၊ ကျောင်းသူ များသည် မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ရှိ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းသို့သွားရန် သောင်ရင်း မြစ်ကိုဖြတ်၍ နေ့စဉ်ကျောင်း တက်နေရသောကြောင့် အသက် ကယ်အင်္ကျီများဝတ်ဆင်၍ ကျောင်း တက်နိုင်ရန် ဇူလိုင် ၃ ရက် နံနက်ပိုင်းက စီစဉ်ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။



အဆိုပါကျောင်းသား၊ ကျောင်း သူများသည် ထိုင်းနိုင်ငံဘက်မှ သောင်ရင်းမြစ်ကို စက်လှေဖြင့် ဖြတ်ကာ မြဝတီမြို့အမှတ်(၁)ရပ် ကွက် မိုးကုတ်ဂိတ်ဆိပ်ကမ်းမှတစ် ဆင့် မြဝတီမြို့သို့ ကျောင်းလာ တက်ရသောကြောင့် ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် အထက(၂) ကျောင်းအုပ်ဆရာကြီး ဦးမိုးကျော် နှင့် ပြည်သူ့စစ်အဖွဲ့ဝင်များက ကျောင်းသားများအား အသက် ကယ်အင်္ကျီများဝတ်ဆင်ပေးကြ သည်။

]]အခု သောင်ရင်းမြစ်က မိုး ရွာတော့ ရေတိုးလာပြီ။ ဒါကြောင့် ထိုင်းဘက်ကမ်းက စက်လှေနဲ့ ကျောင်းလာတက်တဲ့ကလေးတွေ အန္တရာယ်ကင်းဝေးစေရေးအတွက် အသက်ကယ်အင်္ကျီတွေကို လာ ရောက်ဝတ်ဆင်ပေးတာဖြစ်ပါ တယ်။ ဒါကိုလည်း မိုးကုတ်ဂိတ် မှာ ဂိတ်လုံခြုံရေးတာဝန်ယူထား တဲ့ ပြည်သူ့စစ်ခေါင်းဆောင် ကို မျိုးဝင်းတို့အဖွဲ့က ကူညီဆောင် ရွက်ပေးကြပါတယ်}}ဟု ကျောင်း အုပ်ဆရာကြီး ဦးမိုးကျော်က ပြောကြားသည်။

ထိုင်းဘက်ကမ်းမှ မြဝတီမြို့ သို့ လာရောက်ကျောင်းတက်နေ ကြသည့် ကျောင်းသား၊ ကျောင်း သူများမှာ ၁၂၀ ခန့်ရှိပြီး အဆိုပါ ကျောင်းသား၊ ကျောင်းသူများ နေ့ စဉ်ကျောင်းသို့အသွားအပြန်အ သက်ကယ်အင်္ကျီများ ဝတ်ဆင်၍ စက်လှေစီးနိုင်ရန်အတွက် ပြည် သူ့စစ်တပ်ဖွဲ့ဝင်များက ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ကမ်း ကူးခအနေဖြင့် လူတစ်ဦးလျှင် စက်လှေခကျပ် ၅၀ဝ ကောက်ခံ သော်လည်း ကျောင်းသားများကို လုံးဝစက်လှေခမယူဘဲ အခမဲ့ပို့ ဆောင်ပေးနေကြောင်း သိရသည်။

No comments:

Post a Comment