Friday, July 5, 2019

ပညာရေးဆိုင်ရာ လက်မှတ်အတုပြုလုပ်သည့် ကုမ္ပဏီတစ်ခုကို အမှုဖွင့်

တာမွေမြို့နယ်တွင် တက္ကသိုလ်အောင်လက်မှတ်အ တု၊ တက္ကသိုလ်ဝင်တန်းအောင် လက်မှတ်အတုနှင့် တက္ကသိုလ်ဝင် တန်းအမှတ်စာရင်း အတုပြုလုပ် သည့် အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီတစ်ခုကို ဇူလိုင် ၃ ရက်က အမှုဖွင့်အရေးယူထားသည်။  ယမန်နှစ် ဒီဇင်ဘာက အ မျိုးသမီးသုံးဦး တရုတ်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ရန် တာမွေမြို့နယ် ပျားရည်ကုန်းရပ် ကွက်ရှိ Five Four Two အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီသို့ ဆက်သွယ်ခဲ့ရာ ယင်းကုမ္ပဏီက တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်အတု၊ အမှတ်စာရင်းအတုနှင့် တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ်အောင်လက်မှတ်အတုများ ပြုလုပ်ပေးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။



အဆိုပါလက်မှတ်အတုများ ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန် ကုန်)သို့ နိုတြီထောက်ခံပေးရန် တင်ပြတောင်းခံခဲ့ကြောင်း၊ ထို့ နောက် ယင်းလက်မှတ်များနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီး ဌာနက ပညာရေးဝန်ကြီးဌာနသို့ မေးမြန်းရာ လက်မှတ်အတုများ ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ သည်။

ရန်ကုန်အနောက်ပိုင်းခရိုင် တက္ကသိုလ် ဥပဒေဌာန လက် ထောက်ကထိကတစ်ဦးက ဇူလိုင် ၃ ရက်တွင် လာရောက်အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ရဲမှတ်တမ်းက ဆိုသည်။

‘‘ကျွန်တော်တို့ချက်ချင်းသွား ရှာတော့ အဲဒီကုမ္ပဏီက မရှိတော့ ဘူး။ အဲဒါက လွန်ခဲ့တဲ့ခုနစ်လက တည်းက ဖြစ်နေတာပေါ့။ စီအိုင် ဒီကလည်း အရင်စစ်ဆေးပြီးသွား ပြီ။ ပြီးမှ ပြည်ထဲရေးဝန်ကြီးဌာန က ပညာရေးကို အမှုလာဖွင့်ခိုင်း လို့ အခုမှ လာဖွင့်တာပေါ့။ လက်ရှိ စုံစမ်းနေတုန်းပဲ ရှိသေးတယ်’’ဟု တာမွေမြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။


ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ယင်းအလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီဒါရိုက်တာနှင့် အပေါင်းအပါများ (စိစစ်ဆဲ) ကို တာမွေမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၂၀  (လိမ်လည်မှု)၊ ပုဒ်မ ၄၆၈ (စာတမ်းအမှတ်အသားအတုပြုလုပ်မှု) ဖြင့် အမှုဖွင့်အရေးယူထား သည်။

No comments:

Post a Comment