Friday, July 5, 2019

နိုင်ငံရေးတွင် တပ်မတော်လွှမ်းမိုးမှုဆက်ရှိနေ၍ စိန်ခေါ်မှုအများအပြားရှိဟု ကုလအထူးကိုယ်စားလှယ် ထောက်ပြ တပ်မတော်သည် အစိုးရလမ်းညွှန်မှုအောက်တွင်ရှိဟု ပြောခွင့်ရပုဂ္ဂိုလ် တုံ့ ပြန်

တပ်မတော်က နိုင်ငံ ရေးတွင် လွှမ်းမိုးမှုဆက်လက်ရှိ နေ၍ စိန်ခေါ်မှုအများအပြား ရင် ဆိုင်နေရသည်ဟု ကုလသမဂ္ဂအ ထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ် မစ္စစ်ရှယန်နာဘာဂီနာ က ကုလသမဂ္ဂညီလာခံ၌ ပြောကြား သည်။ ဇူလိုင် ၁ ရက်က ကုလဌာန ချုပ် နယူးယောက်မြို့၌ပြုလုပ်သောညီလာခံတွင် အထက်ပါအထူးကိုယ်စားလှယ်က မြန်မာအရေးကို ရှင်းလင်းပြောကြားခဲ့ပြီး ရ



ခိုင်ပြည်နယ်မြောက်ပိုင်းအရေး နှင့် ပတ်သက်၍ မြေပြင်တွင်ပြောင်းလဲမှုကြီးမားစွာ မရှိခြင်းအပေါ်ယင်းသို့ထောက်ပြခဲ့ခြင်း ဖြစ် ကြောင်း Time သတင်းဌာနက ဖော်ပြသည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ တိုးတက်မှုကင်းမဲ့ သည်ဟု သံတမန်များ၏ဝေဖန်မှု  အပေါ် ‘‘မြေပြင်ပေါ်မှာဆောင် ရွက်ချက် မြင်တွေ့ရဖို့လိုအပ် တယ်ဆိုတာ သေချာပါတယ်။ ဆောင်ရွက်ချက် မတွေ့ရဘူးဆို ရင် ကျွန်မဒါကိုတင်ပြမှာပါ။ အ ချက်ပေး ခေါင်းလောင်းလည်းထိုး ပါမယ်’’ ဟု မစ္စစ်ရှယန်နာဘာဂီ နာက ပြောသည်။

တပ်မတော်သည် ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေက ပြ ဋ္ဌာန်းချက်များအတိုင်း ဆောင် ရွက်နေခြင်းဖြစ်ပြီး အစိုးရကို ကျော်လွန်လုပ်ဆောင်ခြင်းမျိုး မရှိကြောင်း တပ်မတော်သတင်း  မှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေး မှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  တုံ့ပြန်သည်။

‘‘အခြေအနေအရပ်ရပ် အရ နိုင်ငံရေးထဲမှာ ပါဝင်နေတယ်ဆို တာ ကျွန်တော်တို့မငြင်းလိုပါဘူး။ သို့သော် ကျွန်တော်တို့သည်လည်း အစိုးရရဲ့ လမ်းညွှန်မှုအောက်မှာရှိ ပါတယ်’’ ဟု ၎င်းကဆိုသည်။

မြန်မာ့နိုင်ငံရေးလေ့လာ စောင့်ကြည့်သူ ဦးသန်းစိုးနိုင်က ကုလအထူး ကိုယ်စားလှယ်၏ ထောက်ပြချက်သည် တစ်စိတ် တစ်ပိုင်းမှန်သော်လည်း မြန်မာ နိုင်ငံတွင် အရပ်သားအစိုးရအနေ ဖြင့် တပ်မတော်နှင့်ပူးတွဲဆောင် ရွက်ရန် အမျိုးသားပြန်လည်သင့် မြတ်ရေးမှာ အရေးကြီးကြောင်း  မှတ်ချက်ပြုသည်။

‘‘မြန်မာပြည်ရဲ့ ဒီမိုကရေစီ ပြောင်းလဲရေးမှာ တပ်မတော်နဲ့ပူး ပေါင်းပြီး ဖွဲ့စည်းပုံပြောင်းလဲရေး ဘာညာလုပ်နေတဲ့အချိန်မှာ ပြော တဲ့သဘောထားတွေက မှန်ပင်မှန် သော်ငြားလည်း အဲဒီအချက်အ လက်ကို အကြောင်းပြုပြီး ရခိုင် ပြဿနာကို ဖြေရှင်းဖို့ဆိုတာ ဖြစ် နိုင်မယ်မထင်ဘူးဗျ’’ ဟု ၎င်းကဆို သည်။

အထူးသဖြင့်ရခိုင်ပြည်နယ် တွင် ခွဲခြားမှုနှင့်အကြမ်းဖက်မှု အဆိုးသံသရာလည်မှုကို အဆုံး သတ်ရန် အမြင့်မားဆုံးဦးစားပေးသတ်မှတ်ချက်ဖြစ်သည်ဟု အထူးကိုယ်စားလှယ်မစ္စစ်ရှယန်နာဘာဂီက ဆက်လက်ပြောကြား သည်။

အထက်ပါ ကုလညီလာခံသို့ နယူးယောက်မြို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒို ဆွမ်းလည်း တက်ရောက်ရှင်း လင်းခဲ့ပြီး နေရပ်စွန့်ခွာသူများ  ပြန်လည်လက်ခံမှုအောင်မြင်ရေး  သည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ် နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအ ပေါ် မူတည်ကြောင်း ထည့်သွင်း ပြောကြားသည်။ မြန်မာသံအမတ်ကြီးက လက်ရှိအစိုးရတာဝန်ယူချိန်ကစ ၍ ပြဿနာဖြေရှင်းနိုင်မည့် ရေ ရှည်အဖြေကို ရှာဖွေခဲ့ပြီး နိုင်ငံတ ကာအသိုင်းအ၀န်းက ရခိုင်ဒေသ တွင် မတူညီသောအသိုက်အ၀န်း များရှိသည့်အနက် မွတ်စလင်အ သိုက်အ၀န်းတစ်ခုတည်းကိုသာ  အာရုံစိုက်နေကြောင်း တုံ့ပြန် သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန က ဇူလိုင် ၄ ရက်တွင် ထုတ်ပြန် သည်။

No comments:

Post a Comment