Friday, July 5, 2019

အမတ်အဖြစ်မှ ရုပ်သိမ်းခံရသည့် ပြည်ခိုင်ဖြိုးပါတီဝင်၏အယူခံ ရှုံးနိမ့် အယူခံတွင် ထပ်မံအနိုင်ရသည့် ဒီချုပ်အမတ် လွှတ်တော်တက်ခွင့်ရ

ဆိပ်ကမ်းမဲဆန္ဒ နယ် ကြားဖြတ်ရွေးကောက်ပွဲရ လဒ်နှင့်ပတ်သက်၍ နောက်ဆုံးအ ဆင့် အယူခံလွှာတင်သွင်းမှုတွင် ပြည်ထောင်စု  ရွေးကောက်ပွဲ ကော်မရှင်က  ဒီချုပ်ကိုယ်စား လှယ်လောင်း  ဦးသန်းထိုက် အောင်ကို ဆက်လက် အနိုင်ပေးခဲ့သည်။ ထို့ကြောင့် ဦးသန်းထိုက် အောင်သည် မကြာမီ ဆိပ်ကမ်းမြို့နယ် အမှတ်(၂) တိုင်းဒေသ ကြီး ကိုယ်စားလှယ်အဖြစ် လွှတ်တော်တက်ခွင့် ရတော့မည်ဖြစ် သည်။

၂၀၁၈ ကြားဖြတ် ရွေး ကောက်ပွဲ ဆန္ဒမဲရလဒ်အရ  အဆိုပါမဲဆန္ဒနယ်မြေ ကိုယ်စားလှယ် အဖြစ် ပြည်ခိုင်ဖြိုးပါတီဝင် ဦးနေမျိုးအောင်က အနိုင်ရရှိသော် လည်း ၎င်းသည် ရွေးကောက်ပွဲ ဆိုင်ရာ တရားမဲ့ပြုကျင့်မှုများ ပြုလုပ်ကြောင်း ဒီချုပ်ကိုယ်စားလှယ် လောင်းက ကန့်ကွက်လွှာတင်ခဲ့ ပြီး ယမန်နေ့တွင် ကော်မရှင်က နောက်ဆုံးအဆင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းဖြစ်သည်။

အဆိုပါ အငြင်းပွားမှုအပေါ် ကော်မရှင်အဖွဲ့ဝင် သုံးဦးပါဝင် သည့် ရွေးကောက်ပွဲခုံအဖွဲ့က ဒီချုပ်ကိုယ်စားလှယ်လောင်းကို အနိုင်ပေးကြောင်း ကနဦးဆုံးဖြတ် ခဲ့သည်။ ထို့ကြောင့် ဦးနေမျိုး အောင်က အယူခံလွှာ ထပ်မံတင် သွင်းရာ ကော်မရှင်ဥက္ကဋ္ဌအပါအ ဝင် အဖွဲ့ဝင် အားလုံးပါဝင်သော စုံညီခုံရုံးဖြင့် ရုံးချိန်းတစ်ကြိမ် ကြားနာခဲ့ပြီး မူလခုံရုံး ဆုံးဖြတ်ချက် အတိုင်း ဒီချုပ်ကိုယ်စားလှယ် လောင်းကို ဆက်လက် အနိုင်ပေး ခဲ့သည်။

‘‘အခု ဦးနေမျိုးအောင် ပြု ကျင့်လှုပ်ရှားမှုတွေသည် ပြည်ခိုင် ဖြိုးပါတီက မဟုတ်ဘဲနဲ့ တခြားဘယ်ပါတီကလုပ်လုပ် ကျွန်တော်တို့ ခွင့်ပြုလို့မရပါ။ ဥပဒေအရကို ခွင့်ပြုလို့မရပါ။ ကျွန်တော်တို့ ဒီအပေါ်မှာ တော်တော်လေးကို စိတ်သန့်ပါတယ်’’ ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဆို သည်။

နှစ်ဖက် ထွက်ဆိုချက်များ အရ  ဦးနေမျိုးအောင်သည် မဲဆန္ဒ နယ်အတွင်း  ဥပဒေနှင့်မညီသော ချေးငွေကိစ္စ ဆောင်ရွက်ပေးခဲ့ ခြင်း၊ ရွေးကောက်ပွဲအသုံးစရိတ် များတင်ပြရာတွင် မမှန်မကန် ဆောင်ရွက်ထားခြင်း၊ နိုင်ငံပိုင်မြေပေါ်ရှိ အဆောက်အအုံကို ပါတီရုံးခန်းအဖြစ် အသုံးပြုကာ မဲဆွယ်စည်းရုံးခြင်း၊ မဲဆွယ်ကာလအတွင်း ဘာသာရေးဆိုင်ရာ ဆောင်ရွက်မှုများကို အခြေခံ၍ မဲဆွယ်စည်းရုံးခဲ့ခြင်း စသည့် အ ချက်များ ပေါ်ပေါက်ခဲ့ကြောင်း ၎င်းက ပြောသည်။

ဆိပ်ကမ်းမဲဆန္ဒနယ် ကြား ဖြတ်ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ ဦးမြင့်နိုင်ဦးဆောင်သော ကော်မရှင်ခုံအဖွဲ့၏ ဆုံးဖြတ်ချက် သည် မျှတမှုမရှိကြောင်း ဦးနေမျိုးအောင်နှင့် ၎င်း၏မိခင်ပါတီ ပြည်ခိုင်ဖြိုးတို့က ဝေဖန်ထား သည်။ သို့သော် ယမန်နေ့က အယူခံလွှာ အမိန့်ချပြီးနောက် ဦးနေမျိုးအောင်ထံ ဆက်သွယ်ရာ ဖုန်းပြန် လည်ဖြေကြားခြင်းမရှိပေ။

ရွေးကောက်ပွဲကော်မရှင်က မူ ကာယကံရှင်များ၏ ထွက်ဆိုချက်များအရ ဥပဒေနှင့်မညီသော လုပ်ဆောင်ချက်များကို စိစစ်တွေ့ရှိ၍ ထိုသို့ဆုံးဖြတ်ခဲ့ခြင်းသာဖြစ် ကြောင်း နေပြည်တော်ရှိ ပြည် ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်ရုံး၌ ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တုံ့ပြန် သည်။ အဆိုပါသတင်းစာရှင်း လင်းပွဲသည် လက်ရှိ ကော်မရှင် သက်တမ်းသုံးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲဖြစ်ပြီး ဆိပ်ကမ်းမြို့နယ် ကြားဖြတ်ရွေး ကောက်ပွဲ ကန့်ကွက်လွှာအမှုမှ စစ်ဆေးတွေ့ရှိချက်များကို အဓိ ကရှင်းလင်းခဲ့သည်။

‘‘ဒီထဲမှာ ထွက်ဆိုချက်တွေ ရှိပါတယ်။ ဥပဒေပညာရှင်တွေ မဟုတ်ဘူး။ သာမန်လူတွေ ဖတ် ရုံနဲ့ သိနိုင်ပါတယ်။ ရုံးရှေ့(ခုံရုံး) မှာတော့ ဘာမှမပြောဘဲနဲ့ မတင်ပြနိုင်ဘဲနဲ့ အပြင်က ပြောကြား ချက်တွေနဲ့ ဒါတွေက ပေါ်ပေါက် နေတော့ ဒါလေးတွေကို ကျွန်တော်တို့က အသိပေးလိုခြင်းပဲ ဖြစ် ပါတယ်’’ ဟု ဦးမြင့်နိုင်က သတင်း ထောက်များအား ပြောသည်။
၂၀၁၈ ကြားဖြတ်ရွေး ကောက်ပွဲတွင် မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်နေရာတွင် အနိုင်ရသူဒီချုပ် အမတ်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား လှယ်လောင်းက ကန့်ကွက်ထား သည့်အမှုကိုလည်း ယခုတစ်ပတ် အတွင်း ကော်မရှင်စုံညီခုံရုံးက နောက်ဆုံးအဆင့် ဆုံးဖြတ်ချက် ချမှတ်မည်ဖြစ်သည်။ အဆိုပါအမှုတွင်လည်း ကော်မရှင်ခုံအဖွဲ့က ဒီချုပ်အမတ်ကို အနိုင်ပေးထား သဖြင့် အယူခံတက်ထားခြင်းဖြစ် သည်။

No comments:

Post a Comment