Friday, July 5, 2019

"ပုဂံဒေသ ယူနက်စကိုအမွေအနှစ်စာရင်းဝင်ရန် သေချာနေပြီဟုဆို"

ပုဂံဒေသကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ရာနှုန်းပြည့်သေချာနေပြီဖြစ်ကြောင်း အဇာဘိုင်ဂျန်နိုင်ငံ၌ ပြုလုပ်နေသည့် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးသို့ တက်ရောက်နေသော မြန်မာကိုယ်စားလှယ်အဖွဲ့က 7Day Daily သတင်းစာသို့ ယနေ့ မွန်းလွဲပိုင်းတွင် ပြောကြားသည်။



ယူနက်စကိုစာရင်းဝင်ရန် တင်ပြထားသည့်အနက်မှ နိုင်ငံတကာအထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများကောင်စီ (ICOMOS) အဖွဲ့က ထောက်ခံထားသည့် ဒေသများကို ဆွေးနွေးသွားမည်မဟုတ်ဘဲ အတည်ပြုပေးမည်ဟု ကြေညာလိုက်ကြောင်း မြန်မာကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်ဥမ္မာမျိုးက ပြောသည်။

" ဝင်ဖို့ရာ သေချာသွားပြီ။ICOMOS ထောက်ခံတဲ့ Sites တွေဆို ထပ်မဆွေးနွေးတော့ဘူးတဲ့။ အစဉ်လိုက်စောင့်ပြီး congratulate ပဲလုပ်မယ်တဲ့"ဟု ဒေါ်ဥမ္မာမျိုးက ပြောသည်။ ပုဂံဒေသနှင့်ပတ်သက်သည့်အကြောင်းအရာကို မနက်ဖြန် (ဇူလိုင် ၆ရက်)ညနေပိုင်း သို့မဟုတ်၊နောက်တစ်ရက် ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် အတည်ပြုပေးရန် ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် တင်သွင်းထားသောရှေး ဟောင်းမြို့တော်ပုဂံဒေသကို နိုင်ငံတကာ အထိမ်းအမှတ်အ ဆောက်အအုံနှင့် နေရာဒေသများ ကောင်စီ(ICOMOS)အဖွဲ့မှပညာ ရှင်တစ်ဦးက ၂၀၁၈ စက်တင်ဘာ တွင် ၁၀ ရက်ကြာ လာရောက် စစ်ဆေးခဲ့သည်။ ထို့အပြင် ICOMOS အဖွဲ့က ပုဂံဒေသ ယူနက်စကိုစာရင်ဝင်ရေး ထောက်ခံပေးထားသည်။

No comments:

Post a Comment