Friday, July 5, 2019

ဝက်စ်ဟမ်းတိုက်စစ်မှူး အာနော်တိုဗစ် တရုတ်ကလပ်သို့ ပြောင်းရွှေ့လိုကြောင်း ပြော

ဝက်စ်ဟမ်းတိုက်စစ်မှူး အာနော်တိုဗစ်ဟာ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းကို ပြောင်းရွှေ့လိုကြောင်း ပြီးခဲ့တဲ့ရက်က တရားဝင် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အာနော်တိုဗစ်ဟာ လွန်ခဲ့တဲ့ ၅ လလောက်ကမှ မြောက်လန်ဒန်ကလပ်နဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပေမယ့် တရုတ်ကလပ်ရဲ့ တကျော့ပြန် စိတ်ဝင်စားလာတာကိုတော့ လက်လွှတ်မခံချင်တဲ့ အနေအထားမှာ ရှိနေပါတယ်။



အသက် ၃၀ အရွယ် သြစတြီးယား တိုက်စစ်မှူးကို တရုတ်ကလပ်အသင်းတချို့က မကြာခဏ ကမ်းလှမ်းခဲ့ပြီး ကစားသမားကိုယ်တိုင်က ဝက်စ်ဟမ်းအသင်းမှာပဲ ဆက်လက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အပြောင်းအရွှေ့ အထမမြောက်ခဲ့တာပါ။

အခုတကြိမ် ပေါင် ၂၂ သန်းကျော်လောက်နဲ့ ကမ်းလှမ်းလာချိန်မှာတော့ ဝက်စ်ဟမ်းအသင်းဘက်က ခွင့်ပြုသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ရာသီကြိုခြေစမ်းပွဲတွေအဖြစ် တရုတ်စူပါလိဂ်ကလပ် နန်ကျင်း၊ ရှန်ဟိုင်း SIPG တို့နဲ့ ခြေစမ်းဖို့လည်း ရှိနေလို့ အပြောင်းအရွှေ့ကို အခုလထဲမှာ တပါတည်း အပြီးသတ်ဖွယ် ရှိနေပါတယ်။

No comments:

Post a Comment