Friday, July 5, 2019

မြောက်ကိုရီးယားတွင် ထိန်းသိမ်းခံရသောကျောင်းသား လွတ်မြောက်လာဟု သြစတြေးလျဝန်ကြီးချုပ်ပြောကြား

 မြောက်ကိုရီးယား၌ ထိန်းသိမ်းခံရသော အသက် (၂၉) နှစ်အရွယ် သြစတြေးလျ ကျောင်းသားတစ်ဦး လွတ် မြောက်လာပြီး ဘေးအန္တရာယ် ကင်းကာ ကျန်းကျန်းမာမာရှိ ကြောင်း ဝန်ကြီးချုပ်စကော့မော ရစ်ဆင်က ပြောကြားသည်။ အဲလက်ဆီဂလေသည်  ဇနီး ယူကာမိုရီနာဂါ (၂၆) နှစ် နေထိုင် ရာ ဂျပန်နိုင်ငံသို့ တရုတ်နိုင်ငံမှ သွားရောက်ခဲ့သည်ဟု ယုံကြည်ရ သည်။


ပြုံယမ်းမြို့၌ ၎င်းပျောက် ဆုံးခဲ့ပြီးနောက် တရားဝင်မဟုတ် သော လမ်းကြောင်းမှဆက်သွယ် ကာ မြောက်ကိုရီးယားအရာရှိများ ကြား ဆွေးနွေးမှုများနှင့်ဆွီဒင်ကိုယ် စားလှယ်တစ်ဦး သွားရောက်တွေ့ ဆုံပြီးနောက် သီတင်းတစ်ပတ် ကျော်အကြာတွင် ပြန်လွတ်လာ သော သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ ဆွီဒင်အရာရှိများက ကူညီ ပေးခဲ့၍ ရင်ထဲက ကျေးဇူးတင် ကြောင်း မောရစ်ဆင်ကပြော ကြားသည်။

ဆွီဒင်အထူးကိုယ်စားလှယ် ကန့်ဟာစတက်သည် ပြုံယမ်းသို့ သွားရောက်ကာ ယင်းကိစ္စကို မြောက်ကိုရီးယားအရာရှိများနှင့် ဆွေးနွေးခဲ့သည်။ ဆီဂလေထိန်းသိမ်းခံရသည့် အကြောင်းရင်းကို မောရစ်ဆင် က ပြောကြားခြင်းမရှိပေ။ ၎င်းပြန် လွတ်လာပြီးနောက် ဘေဂျင်းမြို့ ရှိ သြစတြေလျးသံရုံးက စောင့် ထားကြောင်း အဲလက်စ်ဆီဂလေ ၏ဖခင်က ပြောသည်။ ပြုံယမ်းတွင် နေထိုင်ပြီး ပညာသင်နေသည့် လက်တစ် ဆုပ်စာအနောက်တိုင်းသားများ အနက် တစ်ဦးဖြစ်သော ဆီဂလေ သည် ဇွန်လ ၂၃ ရက်က ပျောက် ဆုံးခဲ့သဖြင့် ၎င်း၏ကံကြမ္မာနှင့် ပတ်သက်၍ စိုးရိမ်မှုများဖြစ်စေခဲ့ သည်။ 

No comments:

Post a Comment