Friday, July 5, 2019

ခွေးအကိုက်ခံရသူလူနာများအတွက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိ

ခွေးအကိုက် ခံရသောလူနာများအတွက် ခွေး ရူးပြန်ရောဂါ ကာကွယ်ဆေးရရှိ စေရန်နှင့် အခမဲ့ထိုးပေးနိုင်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှု ရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြော သည်။ ဇူလိုင်၃ရက် ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးတွင် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒ နယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး ခွေးရူးပြန်ရောဂါ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ် လျဉ်း၍ဝန်ကြီးဦးနိုင်ငံလင်းက အ ထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။



ခွေးလေခွေးလွင့်များလျော့ နည်းပပျောက်လာစေရန် ခွေးမွေးမြူ လိုပါကစနစ်တကျ ထိန်းသိမ်းမွေးမြူ ကြရေးအတွက် ပူးပေါင်းဆောင် ရွက်ကြလျှင် ခွေးကိုက်လူနာ များအတွက် ခွေးရူးရောဂါကာကွယ် ဆေးဝယ်ယူရသော ပြည်သူများ ၏ ဘဏ္ဍာငွေများကိုအခြားသော အကျိုးရှိမည့် ကဏ္ဍများတွင် အသုံး ချနိုင်မည်ဖြစ်ကြောင်း ဦးနိုင်ငံ လင်းက ပြောသည်။

""ခွေး(သို့မဟုတ်)တိရစ္ဆာန် အကိုက်ခံရသူ လူနာများအတွက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ရရှိစေရန်နှင့် အခမဲ့ထိုးနှံပေးနိုင် ရန် စီမံဆောင်ရွက်လျက်ရှိပြီး ကာ ကွယ်ဆေးပြတ်လပ်မှု မရှိစေရန်နှင့် အမှန်တကယ်လိုအပ်နေသော လူနာ များအတွက် ကာကွယ်ဆေးများ အချိန်မီလုံလောက်စွာရရှိရန် တစ်ပြေး ညီ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါတယ်""ဟု ၄င်းက ပြောသည်။

ယခုနှစ် မေ၂၉ရက်မှ စတင် ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီး၊ မြောက် ဥက္ကလာပ သင်ကြားရေးနှင့် အ ထွေထွေဆေးရုံကြီး၊ သင်္ဃန်းကျွန်း (စံပြ) အထွေထွေရောဂါကုဆေးရုံ များတွင် ခွေးကိုက်လူနာကုသမှု ဌာန (Dog Bite Treatment Centre-DBTC)များ ဖွင့်လှစ်ကာ ကုသပေးနေပြီဖြစ်ကြောင်း သိရ သည်။

၂၀၁၉ ခုနှစ်တွင် ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ လာသည့် ခွေးကိုက်ခံရသူအတွက် မှာ ၄၆၀ဝကျော်ရှိပြီး ခွေးရူးပြန် ရောဂါပိုးတွေ့ရှိသူ အရေအတွက် မှာ ၁၀ဦးကျော် ဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးလှ ဌေးက ပြောသည်။
မြန်မာနိုင်ငံတွင် ခွေးကောင် ရေအရေအတွက်မှာ ငါးသန်းကျော် အထိရှိနေပြီး ၇၀ရာခိုင်နှုန်းမှာ လေလွင့်ခွေးများ ဖြစ်ကြောင်းသိရ သည်။

No comments:

Post a Comment