Friday, July 5, 2019

H1N1 ကြောင့် တောင်ပြုံးပွဲတင်ဒါခေါ်ယူမှု နောက်ကျသော်လည်း ပွဲတော်ကျင်းပမည်

ရာသီတုပ်ကွေး (H1N1)ကြောင့် တောင်ပြုံးပွဲ တင်ဒါခေါ်ယူမှု နောက်ကျနေသော်လည်း ပွဲတော် ကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ကပြောသည်။  မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် နှစ်စဉ်ပြုလုပ်သော တောင်ပြုံးပွဲတော်ကို ကျင်းပရန် ယခင်နှစ်များက ပွဲမတိုင်မီ နှစ်လကျော်အလိုတွင် ပွဲကျင်းပရေးကော် မတီက တင်ဒါခေါ်ယူလေ့ရှိသည်။ သို့သော် ယခုနှစ်တွင်မူ တင်ဒါခေါ်ယူမှု နောက်ကျနေပြီး ဈေးဆိုင်ခန်း၊ ရေနှင့် သန့်စင်ခန်းလုပ်ငန်း၊ ရုပ်ရှင်ရုံ၊ ဆပ်ကပ်၊ မျက်လှည့် အပါအဝင် အခြားလုပ်ငန်းများ တင်ဒါခေါ်ယူမှုကို ယခုလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ဦးကျော်ကျော်က ပြောသည်။



‘‘ရောဂါပိုးဖြစ်တာတွေ ရှိနေတော့ ပွဲကျင်းပဖို့ တင်ဒါခေါ်ယူမှုတွေ နောက်ကျနေတာဖြစ်တယ်။ ဒါပေမဲ့ ပွဲကို ကျင်းပမှာပါ။ ပွဲတော်မှာရောဂါပိုး ကြိုတင်ကာကွယ်ဖို့ လည်း တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနဲ့ ညှိနှိုင်းသွားမယ်’’ ဟု ဦးကျော်ကျော်က ပြောသည်။

တောင်ပြုံးပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်မှ ၁၅ ရက်(ယခုနှစ် သြဂုတ် ၈ ရက်မှ ၁၅  ရက်)ထိ ကျင်းပပြီး  ၂၀၁၇ က ပွဲကျင်းပရန် ရက်ပိုင်းအလိုတွင် H1N1 ကြောင့် တိုင်းဒေသကြီးအစိုးရအ ဖွဲ့က ပိတ်သိမ်းခဲ့ပြီး တောင်ပြုံးမင်းနှစ်ပါး နန်းထိန်းမိသားစုက ပွဲတော်ကို အကျဉ်းချုံးကျင်းပခဲ့ သည်။ တောင်ပြုံးပွဲတော်သို့ နှစ်စဉ်နိုင်ငံ အနှံ့အပြားမှ  ယုံကြည်ကိုးကွယ်သူ  သိန်းချီ လာရောက်လေ့ ရှိကာ ယခုနှစ်တွင် ပွဲတော်ကျင်း ပရန်တစ်လကျော်အလို၌ ရာသီတုပ်ကွေးရောဂါသည် တိုင်းနှင့် ပြည်နယ်များတွင် ပြန်လည်ဖြစ် ပွားနေသည်။

No comments:

Post a Comment