Friday, July 5, 2019

ကိုလံဘီယာအစိုးရ သူပုန်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိ

ကိုလံဘီယာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရခဲ့ပြီး နောက်တကြိမ် ထပ်ဆွေးနွေး ချင်သေးတယ်လို့ အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ELN) သူပုန်အဖွဲ့ ကိုယ်စားလှယ်က ပြောပါတယ်။ ကျူးဘားနိုင်ငံ ဟာဗားနားမြို့မှာ ဇူလိုင်လ ၃ ရက် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောတာပါ။ေ ထာင်ချီတဲ့ တိုက်ခိုက်ရေး သမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ELN သူပုန်အဖွဲ့ကို အမေရိကန်နိုင်ငံက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။



ELN သူပုန်အဖွဲ့ဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကတည်းက သမ္မတဟောင်း ဂျူအန် မန်နျူရယ် ဆန်းတိုစ့် ဦးဆောင်တဲ့ ကိုလံဘီယာအစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စလုပ်ခဲ့တာပါ။

ဒါပေမယ့် လက်ရှိသမ္မတ အိုင်ဗန်ဒူကီ လက်ထက်မှာတော့ နောက်ထပ်ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေခဲ့ပါတယ်။

ELN သူပုန်အဖွဲ့ကို အစွန်းရောက် ကတ်သလစ် ဘုန်းတော်ကြီးတွေက ၁၉၆၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။

ကိုလံဘီယာရဲ့ အင်အားအကြီးဆုံး (FARC) ဖာ့စ်သူပုန်အဖွဲ့က အစိုးရနဲ့ ငြိမ်းချမ်းရေး လက်မှတ်ထိုးခဲ့တဲ့ ၂၀၁၆ ခုနှစ်အထိ ELN သူပုန်အဖွဲ့ဟာ ကိုလံဘီယာနိုင်ငံမှာ ဒုတိယ အင်အားအကြီးဆုံး သူပုန်အဖွဲ့ပါ။

ELN သူပုန်အဖွဲ့ဟာ ကိုလံဘီယာဟာ အစိုးရသက်တမ်း ၁၂ ကြိမ်ကျော်အတွင်း ပုန်ကန်ခဲ့ပါတယ်။

ရေနံနဲ့ သတ္တုတွင်းလုပ်ငန်းတွေကို  နိုင်ငံပေါင်းစုံက ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့် ပေးတာကိုလည်း ဆန့်ကျင်ခဲ့ပါတယ်။

အဲဒီပြည်ပကုမ္ပဏီတွေဟာ ကိုလံဘီယာနိုင်ငံအတွက် အကျိုးမပြုဘဲ သဘာဝ အရင်းအမြစ်တွေကို ခေါင်းပုံဖြတ် အမြတ်ယူနေတာလို့လည်း ပြောခဲ့ပါတယ်။

No comments:

Post a Comment